လက်မောင်းကြီးတဲ့သူတွေအတွက် အသုံးဝင်စေမယ့် Fashion Tips များ
mystylemyanmar.com
|
2022-05-14

လက်မောင်းကြီးတဲ့သူတွေအတွက် အဝတ်အစား ရွေးချယ်တဲ့အခါမှာ အသုံးဝင်စေမယ့် fashion tips တွေကို မျှဝေပေးလိုက်ပါတယ်။

လေးထောင့်ကျတဲ့ ကြိုးတစ်လုံးတွေဝတ်ရင် ရင်ဘတ်သား၊ လက်မောင်းဘေးသားတွေ ပိုပေါ်လွင်ပြီး လက်မောင်းကြီးတာ သိသာစေပါတယ်။ ဒါကြောင့် V-neckline ပုံစံနဲ့ simple sleeves လေးတွေကို ရွေးဝတ်ပါ။ ကိုယ်ရည်စစ်ပြီး လက်မောင်းလေးလည်း ပိုပြီး ကျစ်လစ်သွားသလို ဖြစ်စေပါတယ်။


Off shoulder ကိုမှ လက်နေရာက လက်ဖောင်းဖြစ်နေတာမျိုးတွေဝတ်ရင် လက်မောင်းကြီးတာ ပိုထင်သာစေပါတယ်။ လုံးဝရင်ပြတ်မျိုးဝတ်တာကမှ ပိုပြီး အဆင်ပြေပါသေးတယ်။ တကယ်လို့ ဝတ်မယ်ဆိုရင် လည်ပင်းကို ပြောင်ရှင်းနေတာမျိုးမဖြစ်အောင် ဆွဲကြိုးကြီးတာလေးတွေ ဆွဲပေးပါ။


ပထမပုံထဲကလို လက်ရှည်တွေက လူပိုကြီးသလို၊ ဝသလို ဖြစ်စေပြီး လက်မောင်းလည်း ပိုကြီးသွားစေပါတယ်။ ဒုတိယပုံထဲကလို ရှပ်အင်္ကျီ fit ဖြစ်တာလေးတွေ ဝတ်မယ်ဆိုရင်တော့ လက်မောင်းကျစ်ပြီး ကိုယ်ရည်စစ်သလို ဖြစ်သွားစေပါတယ်။


ပထမပုံထဲကလို ကြိုးတစ်လုံးအကျပ်တွေဝတ်ရင် ပဖုံးသား၊ ရင်ဘတ်နေရာတွေ ပေါ်လွင်နေလို့ လက်မောင်းပိုကြီးသလို ဖြစ်စေပါတယ်။ ဒါကြောင့် ဝတ်မယ်ဆိုရင် ဒုတိယပုံထဲကလို fashion မျိုးက ပိုအဆင်ပြေပါတယ်။ လက်မောင်းနည်းနည်းကျစ်သလို ဖြစ်သွားစေပါတယ်။


လက်မောင်းနေရာ ပွပြီးကျယ်တဲ့ အင်္ကျီတွေဆိုရင် ဝတ်ရတာ ပေါ့ပါးတယ်၊ လက်မောင်းကြီးတာ မသိသာဘူးဆိုပြီး ရွေးဝတ်ကြတာ များပါတယ်။ တကယ်တော့ ပွပြီးကျယ်နေရင် ပိုဝသလို၊ လက်မောင်းပိုကြီးသလို ဖြစ်စေပါတယ်။


Blazer ဝတ်တဲ့အခါမှာတော့ ပထမပုံထဲကလို ပခုံးလျှောကျနေတဲ့ ပုံစံတွေက လက်မောင်းပိုကြီးသလို ဖြစ်စေပါတယ်။ ဒုတိယပုံထဲကလို blazer မျိုးဆိုရင် ဝတ်ရတာလည်း smart ကျပြီး လက်မောင်းကြီးတာလည်း သိပ်မသိသာတော့ပါဘူး။


Sweater ရွေးချယ်တဲ့အခါမှာကျတော့ loose-fitting, slim sweaters တွေ၊ ပခုံးကျတာလေးတွေက ပိုအဆင်ပြေပါတယ်။


လက်ပြတ် body fit ဝတ်တာထက်စာရင် လက်ရှည်ကိုမှ lace fabrics body fit မျိုးဝတ်တာက ပိုပြီးတော့ အဆင်ပြေပါတယ်။ လက်ပြတ် body fit ကျတော့ လက်မောင်းကြီးတာ ပိုသိသာစေပါတယ်။


source:www.brightside.me


#fashion
#လက်မောင်း
#အဝတ်အစား
#လက်မ

Some text some message..