ပြစ်မျိုးမဲ့မထင် အသားအရေကြည်လင်စိုပြေစေဖို့ ညဘက်ဖြန်းရမယ့် သဘာဝစပရေး
mystylemyanmar.com
|
2022-05-21

တောက်ပကြည်လင်ပြီး ပြစ်မျိုးမဲ့မထင် အသားအရေကို ပျိုမေတိုင်းကတော့ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ့။ ပြစ်မျိုးမဲ့မထင်အသားအရေဆိုတာကတော့ ဝက်ခြံမရှိဘူး၊ အရေးအကြောင်းမရှိပဲ့နဲ့ တင်းရင်းပြီးချောမွေ့စိုပြေနေတဲ့ အသားအရေမျိုးပဲ့ဲ့ဖြစ်တာမို့လို့ ဘယ်လိုရယူနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ သဘာဝစပရေးတစ်မျိုးအကြောင်းကို ပြောပြပေးလိုက်ပါတယ်။ ဒီစပရေးကို ညအိပ်ရာဝင်ခါနီးတိုင်း ပုံမှန်ဖြန်းပေးရုံနဲ့ ရက်အနည်းငယ်အတွင်း ပြစ်မျိုးမဲ့မထင် အသားအရေကို ပိုင်ဆိုင်လာမှာပါ။ ဒီစပရေးအတွက် လိုအပ်တဲ့ ပစ္စည်းနှစ်မျိုးကတော့-

အုန်းရေ


နှင်းဆီရည်


ပြင်ဆင်ပုံ


ခွက်တစ်ခွက်ထဲမှာ အုန်းရည်ထည့်လိုက်ပါ။နှင်းဆီရည်ကိုလည်း ပမာဏဆတူထည့်လိုက်ပါ။ဒီနှစ်မျိုးကို ရောပြီး Spray ပုလင်းအလွတ်ထဲမှာထည့်လိုက်ပါ။ဒီစပရေးကို ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပြီး တစ်လကျော်ထိ အသုံးပြုနိုင်ပါတယ်။ဒီ စပရေးကို နေ့ဘက်မှာလည်းသုံးနိုင်ပါတယ်။ အုန်းရည်က မျက်နှာပေါ်က အမာရွတ်တွေနဲ့ အစက်အပြောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သဘာဝ အစိုဓာတ်ထိန်းခရင်အနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။


နှင်းဆီရည်ကတော့ သင့်မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နှင်းဆီရည်က အသားအရေကို တင်းရင်းစေပြီး pH အဆင့်ကိုလည်း ထိန်းညှိပေးပါတယ်။ အရေပြားအပေါက်တွေကိုလည်း နှင်းဆီရည်က သန့်စင်ပေးပါတယ်။

အုန်းရည်နဲ့ နှင်းဆီရည် ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

ဒီ Facial Spray ကို အသားအရေအမျိုးအစားအားလုံးအတွက် အသုံးပြုနိုင်ပါတယ်။


#အသားအရေ
#သဘာဝ
#အုန်းရည်
#မျက်နှာ
#ပျိုမေ

Some text some message..