လက်သည်းအလှမပျက်စီးစေဖို့နဲ့ Healthy Nails လေးတွေရရှိစေမယ့် နည်းလမ်းများ
mystylemyanmar.com
|
2022-05-28

တချို့မိန်းကလေးတွေက လက်သည်းအလှကို အရမ်းဂရုစိုက်တတ်သလို လက်သည်းအရှည်ထားရတာကိုလည်း သဘောကျကြပါတယ်။ ဒါပေမယ့် လက်သည်းက ပျက်စီးနေရင်လည်း မလှပါဘူး။ လက်သည်းကို သေချာဂရုမစိုက်ပဲပစ်ထားရင် လက်သည်းဝါတာ၊ ညစ်တာ၊ ခဏခဏကျိုးပဲ့တာ၊ အရှည်နှေးတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် လက်သည်းအလှမပျက်စီးစေဖို့နဲ့ ကျန်းမာတဲ့ Healthy Nails လေးတွေကို ရရှိစေဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Nail Cream or Vitamin


လက်သည်းလိမ်းတဲ့ Nail Cream or Vitamin လက်သည်းအားဖြည့်အဆီတွေကို ပုံမှန် ညအိပ်ယာဝင်ခါနီးတိုင်း လိမ်းပေးမယ်ဆိုရင်တော့ လက်သည်းပျက်စီးတာတွေ သက်သာစေပါတယ်။ လက်သည်းကို အားဖြည့်ပေးတဲ့အတွက် လက်သည်းကျန်းမာစေဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။

လက်သည်းမကိုက်ပါနဲ့


လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် ကြိုးစားပြီး ရအောင်သာပြင်ပါ။ လက်သည်းကိုက်တာက လက်သည်းအလှ အရမ်းပျက်စီးစေပါတယ်။ လက်သည်းပုတိုလေးတွေ ဖြစ်သွားတတ်ပါတယ်။ အရှည်ထားလို့လည်း မလှတော့တာမျိုး၊ လက်သည်းအရှည်နှေးတာမျိုး၊ ခဏခဏကျိုးပဲ့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လက်သည်းအလှကြိုက်ရင် လက်သည်းလုံးဝမကိုက်ပါနဲ့။

Base Coat ကိုမမေ့ပါနဲ့


ဆိုင်မှာသွားဆိုးရင်တော့ Base Coat အမြဲခံဆိုးပေးပါတယ်။ အိမ်မှာ ကိုယ်တိုင်ဆိုးရင်တော့ Base Coat မခံပဲ လက်သည်းနီကို တစ်ခါထဲတန်းဆိုးကြတာ များပါတယ်။ လက်သည်းမပျက်စီးချင်ရင်၊ လက်သည်းဝါညစ်တာမျိုးတွေ မဖြစ်ချင်ရင်တော့ လက်သည်းနီမဆိုးခင်မှာ အမြဲတမ်း Base Coat ခံဆိုးပါ။

Gel လက်သည်းဆိုးပြီးရင် ဆိုင်မှာပဲဖျက်ပါ


လက်သည်းနီကို Gel ဆိုးထားပြီးရင် ရိုးရိုးလက်သည်းဖျက်ဆေးနဲ့ ဖျက်လို့မရပါဘူး။ တချို့က ဆိုင်မသွားပဲ အိမ်မှာပဲ အလွယ်ခွာတာမျိုး၊ ဓားနဲ့ခွာတာ၊ ခြစ်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလိုလုပ်တာက လက်သည်းအရမ်းပျက်စီးစေပါတယ်။ ဒါကြောင့် ဆိုင်မှာပဲ သွားဖျက်ပါ။ Gel လက်သည်းဆိုးတာကလည်း လက်သည်းပျက်စီးပြီး ပါးတာမျိုးတွေ ဖြစ်စေတဲ့အတွက် ခဏခဏမဆိုးသင့်ပါဘူး။

လက်ဆွယ်ငုတ်တာတွေကိုညှပ်ပါ


လက်ဆွယ်ငုတ်တာလေးတွေကို ညှပ်ပေးပါ။ လက်သည်းကို ညှပ်ပြီးပုံဖော်တာ၊ သန့်စင်တာမျိုးလေးတွေ လုပ်ပေးပါ။ ဒါမှ လက်သည်းလေးတွေ အမြဲလှနေမှာပါ။


#အိပ်ယာ
#လက်သည်းနီ
#နည်းလမ်းကောင်း
#မိန်းကလေး
#အထောက်အကူ

Some text some message..