ယောင်္ကျားလေးတွေအတွက် အဓိကလိုအပ်တဲ့ Skincare 6 မျိုး
mystylemyanmar.com
|
2022-05-29

ယောင်္ကျားလေးတွေက Skincare အစုံလျှောက်လိမ်းနေစရာ မလိုပါဘူး။ အသားအရေထိန်းသိမ်းဖို့အတွက်ဆို အဆင်ပြေနေပါပြီ။ ဒါကြောင့် ယောင်္ကျားလေးတွေအတွက် အဓိကလိုအပ်တဲ့ Skincare 6 မျိုးကို ပြောပြပေးလိုက်ပါတယ်။

Cleansing Gel or Facial Foam


မနက် တစ်ကြိမ်၊ ည တစ်ကြိမ် Cleansing Gel or Facial Foam နဲ့ မျက်နှာသစ်ပေးဖို့လိုပါတယ်။

Moisturizer


Skincare တွေကို အစုံသုံးချင်ရင်တော့ Toner, Essence, Serum တွေပါ သုံးလို့ရပါတယ်။ ကိုယ်က အများကြီးမလုပ်ချင်ဘူး။ တကယ်မဖြစ်မနေ လိုအပ်တာလောက်ပဲ သုံးမယ်ဆိုရင် Moisturizer သုံးပါ။ မနက်၊ ည လိမ်းပေးပါ။ အသားခြောက်ရင် Cream Type Moisturizer သုံးပါ။ အဆီပြန်ရင် Gel Type Moisturizer သုံးပါ။ ဝက်ခြံ၊ အဆီဖုရှိရင် အဲ့အတွက် သီးသန့်ထုတ်ထားတာတဲ့ Moisturizer ကို ရွေးသုံးပါ။

Eye Cream


ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မျက်ကွင်းညိုပြီး မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ပေါ်လာရင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်သလို ဖြစ်နေစေပါတယ်။ ဒါကြောင့် Eye Cream ကောင်းကောင်းလေး သုံးပေးပါ။ ညဘက်ပဲသုံးပေးရင် ရပါပြီ။

Sunscreen


မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း Sunscreen လိမ်းထားဖို့ လိုပါတယ်။ Sunscreen မလိမ်းရင် အိုမင်းရင့်ရော်ပြီး အရေးအကြောင်းတွေ ဖြစ်လာမယ်၊ အသားအရေမဲညစ်ပြီး ပျက်စီးလာပါမယ်။ ဒါကြောင့် Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။ ၄ နာရီခြားတစ်ခါ Reapply လုပ်ပေးဖို့လည်း လိုပါတယ်။ ထပ်လိမ်းရမှာပျင်းရင် Sun Spray လေး ဆောင်ထားပါ။

Exfoliating


တစ်ပတ်တစ်ခါ Exfoliating ပုံမှန်လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ Exfoliating ပုံမှန်လုပ်ပေးရင် အသားအရေညစ်တာနဲ့ အဆီဖု၊ ဝက်ခြံတွေ သက်သာမယ်၊ ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ အသားအရေ ပိုပြီးကြည့်ကောင်းလာပါမယ်။

Acne Treatment


ဝက်ခြံထွက်တတ်ရင်တော့ Acne Treatment လေးတွေ ဆောင်ထားပါ။ အရမ်းအသုံးဝင်ပါတယ်။ ဝက်ခြံက တစ်ခါတစ်လေမှ ထွက်တာမျိုးမဟုတ်ပဲ ဝက်ခြံတွေ အများကြီးရှိနေတာမျိုးဆိုရင်တော့ ဟိုဟာဒီဟာ လျှောက်သုံးတာမျိုးမလုပ်ပဲ ဆရာဝန်နဲ့ပြတာက အကောင်းဆုံးပါပဲ။


#အသားအရေ
#အဆီဖု
#မျက်နှာ
#Skincare
#မနက်

Some text some message..