ဆယ်ကျော်သက်ကောင်မလေးတွေအတွက် အရောင်ငြိမ်ငြိမ်လေးနဲ့ ဆိုးရအဆင်ပြေစေမယ့် Hair Color များ
mystylemyanmar.com
|
2022-06-10

မင်္ဂလာပါနော်။ ဆံပင်အရောင်စပြောင်းကြည့်ဖို့ စဉ်းစားနေကြတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေအတွက် လိုက်ဖက်မှုရှိစေမယ့် ဆံပင်ကာလာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ချွတ်ဆေးအရမ်းသုံးစရာမလိုဘဲ လှနေစေမယ့် အရောင်ခပ်ငြိမ်ငြိမ်လေးတွေဖြစ်တာမို့ စစဆိုးချင်းမှာ ဆံသားအရမ်းမပျက်စီးချင်တဲ့သူတွေ ဆံပင်အရောင်အရမ်းတောက်တာမျိုး မဆိုးရဲသေးတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။

၁။ အညိုရောင်အဖျော့



နေရောင်အောက်မှာအရမ်းလှတဲ့အရောင်လေးဖြစ်ပြီး အသားအရောင်တော်တော်များများနဲ့လည်း လိုက်ဖက်စေတဲ့ ကာလာဖြစ်ပါတယ်။

၂။ နီညိုရောင်အရင့်


Photo Source: allthingshair.com

ဒီအရောင်ကလည်း အသားဆောင်ပြီး အရမ်းလှပါတယ်။ ကာလာလည်း အရမ်းမရိုးတာကြောင့် လူငယ်ကောင်မလေးတွေနဲ့အဆင်ပြေစေမှာပါ။

၃။ အညိုအဖျော့ Highlight



Highlight အရောင်အမြဲတောက်နေမှ ကြည့်လို့လှတာမဟုတ်ပါဘူး။ အညိုရောင်အဖျော့လေးတွေကို Highlight အနေနဲ့ ဆိုးပေးတာကလည်း မျက်နှာလေးကိုလင်းသွားစေပြီး သင့်ဆံပင်အရောင်ကိုလည်း ပိုပြီးကြာရှည်ခံစေမှာပါ။

၄။ ဆံပင်အတွင်းပိုင်းကာလာ Highlight




ဆံပင်အရောင်မသိသာအောင် လှန်လိုက်မှမြင်ရတဲ့ အတွင်းပိုင်းသီးသန့် Highlight လေးတွေဆိုးတာမျိုးကလည်း ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်စေမှာပါ။

၅။ Orange Brown အရောင်




အညိုကိုမှ လိမ္မော်ဘက်သန်းနေတဲ့အရောင်လေးကလည်း ကာလာဆန်းတဲ့အပြင် နေရောင်ထဲမှာ လုံးဝထင်းနေစေမယ့်ပုံစံလေးဖြစ်ပါတယ်။

၆။ Chocolate Brown




ဒီလို Chocolate အညိုလေးဆိုးတာကလည်း ထိန်းသိမ်းရလွယ်တာကြောင့် ဆံပင်စဆိုးကြည့်မယ့်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ အသားညို၊ အသားလတ်တဲ့သူတွေနဲ့လည်း လိုက်ဖက်စေမယ့်အရောင်လေးပါ။

Photo Source: preview.ph, Pinterest


#ကောင်မလေး
#hair
#အညိုရောင်
#Highlight
#ကာလာ

Some text some message..