လက်သည်း အရောင်နှစ်ရောင်စပ် ချစ်ဖို့ကောင်းတဲ့ လက်သည်းအိုင်ဒီယာ ပုံစံများ
mystylemyanmar.com
|
2022-06-11

သင်က လက်သည်းမှာ အရောင်တစ်ရောင် ထက် ပိုဆိုးတဲ့အခါ အင်္ကျီရွေးချယ်တဲ့အချိန် ပိုလွယ်သွားပါလိမ့်မယ်။ ဒါ့အပြင် ပိုလည်းထူးခြားတဲ့လက်သည်းပုံစံကို ပိုင်ဆိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ ဆိုင်မှာ ပြဆိုးလို့ရမယ့်အပြင် ကိုယ့်အိမ်မှာပါ ဆိုးနိုင်မယ့် အရောင်နှစ်ရောင်စပ် လက်သည်းနီပုံစံ အိုင်ဒီယာတွေကို ဖော်ပြလိုက်ပါတယ်။

အဖြူနဲ့ အစိမ်း အရောင်နှစ်ရောင်စပ်


လက်သည်းရှည်တဲ့ ပျိုမေတို့အတွက် ပိုဆိုးရလွယ်မယ့် အရောင်နှစ်ရောင် စပ်ဖြစ်ပါတယ်။ အရောင်ငြိမ်ငြိမ်လေးနဲ့ အင်္ကျီတိုင်း လိုလိုနဲ့ လိုက်ဖက်ပါတယ်။

ခရမ်းရောင်


လက်သည်းအကြည်နဲ့ ခရမ်းရောင် လက်သည်းနီကလည်း ကြည့်မဝတဲ့ လက်သည်းပုံစံထဲ ပါဝင်ပါတယ်။

လိမ္မော်နဲ့ ငါးပိရောင် အဖျော့


ဒီအရောင် နှစ်ရောင် အစပ်ကလည်း အသားအရောင် မျိုးစုံနဲ့ လိုက်ဖက်တဲ့ ပုံစံလေးပါ။

လက်သည်းထိပ်မှာပဲ အရောင်ဆိုးမယ်


လက်သည်းထိပ်မှာပဲ အဖြူတစ်လှည့် အပြာ တစ်လှည့် ဆိုးတာကလည်း ဆန်းသစ်တဲ့ အိုင်ဒီယာလေး ဖြစ်ပါတယ်။

အကြည်ရောင်နဲ့ အတွဲအစပ်


အကြည်ရောင်ပေါ်မှာမှ အပြာနဲ့ ပန်းရောင်ကို ထိပ်ကလေးတွေ ဆိုးထားတာက လက်သည်းအရှည်မထားတဲ့ ပျိုမေတွေနဲ့လည်း အဆင်ပြေပါတယ်။

အဝါနဲ့


အဝါကလည်း ဒီလို တစ်ပိုင်းလေးပဲ ဆိုးမယ်ဆိုရင် ချစ်ဖို့ကောင်းပါတယ်။

အပြာ


အပြာကိုမှ အပေါ်က လက်သည်းနီပုံစံတွေနဲ့ မတူဘဲ တမူထူးအောင် ဆိုးကြည့်နိုင်ပါသေးတယ်။

အစိမ်းရောင်


အစိမ်းရောင် ကြိုက်တဲ့ ပျိုမေတွေ မဖြစ်မနေ Try ကြည့်သင့်တဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းပုံစံ ဖြစ်ပါတယ်။

အဖြူရောင် တိမ်တိုက်


အဖြူရောင် တစ်မျိုးတည်းကိုပဲ ဦးစားပေးထားတဲ့ Aesthetic ဆန်ဆန် တိမ်တိုက်ပုံစံ လက်သည်း

လိမ္မော်နဲ့ အစိမ်းရောင် အစပ်


အိုင်ဒီယာကောင်းတဲ့ ကောင်မလေးတွေနဲ့ပဲ ဆိုးမယ့် အရောင်အတွဲအစပ်လေးပါ

Photo Source: Pinterest

By MyStyle Myanmar


#ခရမ်းရောင်
#လက်သည်းနီ
#အဖြူရောင်
#အစိမ်းရောင်
#အကြည်ရောင်

Some text some message..