ကျားမ မရွေး ဆံပင်ဆေးမဆိုးခင် သိကိုသိထားသင့်တဲ့ အရေးကြီးအချက်များ
lifestylemyanmar.com
|
2022-06-26

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဆံပင်ဆေးဆိုးရတာကို နှစ်သက်ကြမှာပါ။ သို့ပေမယ့် ဆံပင်ဆိုးရတဲ့ ရည်ရွယ်ချက်တော့ တူကြမှာမဟုတ်ပါဘူး။ တစ်ချို့ကတော့ ပိုငယ်တယ်လို့ထင်ရအောင် ဆိုးကြပြီး တစ်ချို့ကတော့ အမြင်တမျိုးဆန်းဖို့ ဆိုးကြပါတယ်။ အမြင်ဆန်းစေဖို့ ဆိုးတဲ့သူတွေကတော့ ဖက်ရှင်ကို ဦးစားပေးတဲ့လူတွေလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် တစ်ခုသိသင့်တာက ကိုယ်နဲ့လိုက်မယ့်အရောင်ကို ဆိုးမိဖို့တော့လိုပါတယ်။ လုပ်သင့်တာကတော့ Hair Saloon က ကျွမ်းကျင်သူ Stylist တွေနဲ့တိုင်ပင်ပြီး လုပ်သင့်ပါတယ်။ သူတို့ကတော့ သင့်မျက်နှာထား အသားအရေပေါ်မူတည်ပြီး လိုက်ဖက်မယ့် အရောင်ကို ရွေးချယ်ပေးနိုင်သူတွေပါ။


အရောင်တွေဟာ ထူးခြားပါတယ်။ သင့်အသားအရေကြောင့် မလိုက်နိုင်ဘူးဆိုပြီး မဆိုးကြည့်ရသေးဘဲ တထစ်ချပြောလို့မရပါဘူး။ နောက်ပြီး ဆံပင်ကို အရောင်ဆိုးရင် အသားညိုသွားတယ် ဖြူသွားတယ်လို့လည်း မယူဆစေချင်ဘူး။ တစ်ချို့ ဆံပင်ကာလာလေးတွေက ဓာတ်ပုံထဲကြည့်မယ်ဆိုရင် သိပ်မလှလောက်ဘူး ကိုယ်နဲ့မလိုက်လောက်ဘူး ထင်ရပေမယ့် တကယ်တမ်းဆိုးကြည့်မယ်ဆိုရင် ဆွဲဆောင်မှုအတော်ရှိပါတယ်။ ဒါကြောင့် ဆံပင်မဆိုးခင် အသိပေးချင်တာတွေကို ပြောပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ပထမတစ်ချက်က ကိုယ်ကြိုက်တဲ့အရောင်ကို သိဖို့ပါပဲ။ အရောင်ကိုသေချာ ပြန်မပြောတတ်ဘူးဆိုရင်တော့ ဓာတ်ပုံပဲဖြစ်ဖြစ် ယူထားသင့်ပါတယ်။ အဲ့တာမှ တကယ်လို့ Hair Stylist က ကြည့်လိုက်လို့ သင်နဲ့မလိုက်ဖူးဆိုရင် ထိုအရောင်နဲ့ အနီးစပ်ဆုံးဖြစ်မယ့် အရောင်ဖက်ကိုသွားတဲ့ ကာလာမျိုးလောက်တော့ ရွေးပေးနိုင်မှာဖြစ်ပါတယ်။


ဆံပင်ဆိုးတဲ့အခါ အိမ်မှာမဆိုးပါနဲ့။ ဆိုင်တွေမှာသွားဆိုးရင် မတန်ဘူးလို့ ခံစားကောင်းခံစားရပါလိမ့်မယ်။ သို့ပေမယ့် အဓိကကျတာက ဆံပင်ကျွမ်းကျင်သူရဲ့ အကြံပေးမှုပါ။ သူတို့ဟာ သင်နဲ့လိုက်မယ့်အရောင်ကို သိတဲ့အပြင် ဆိုးမယ့်ဆေးကောင်းမကောင်းကိုလည်း ပြောပြပေးနိုင်မှာပါ။ ကိုယ့်ဟာကိုယ်ဆိုးပြီးမှ ဆံပင်ပျက်စီးသွားရင် ဘာမှလုပ်လို့မရတော့ပါဘူး။ နောက်တစ်ချက်ကတော့ အရောင်ရွေးချယ်တဲ့အခါမှာ သင့်နေ့စဉ်သွားလာဝတ်ဆင်မှုပေါ် မူတည်ပြီး ရွေးချယ်စေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ သင့်ဆံပင်ရောင်ဟာ Fancy ကျနေရင် သင့်စတိုင်ပါပြောင်းလဲဖို့ လိုမှာဖြစ်လို့ပါ။ ကိုယ့်နေထိုင်မှုကို အလေးပေးပြီး ရွေးချယ်သင့်ပါတယ်။


အဲ့အချက်တွေကို စဉ်းစားပြီးလို့ ဆိုးဖြစ်သွားပြီဆိုရင်တော့ နောက်ပိုင်းထိန်းသိမ်းရမယ့်အပိုင်းကို ပြောချင်ပါတယ်။ ကြိုပြောချင်တာ တစ်ခုကတော့ နည်းနည်းတော့ အလုပ်ရှုပ်ပါလိမ့်မယ်။ ဖက်ရှင်ကျပြီး ကြည့်ကောင်းချင်ရင်တော့ ဒီလိုလုပ်ရတာတန်ပါတယ်။ Natural မဟုတ်ပဲ သဘာဝကိုဆန့်ကျင်ပြီးလုပ်တဲ့အရာတိုင်းမှာ ဆိုးကျိုးရှိပါတယ်။ ဒီလိုဆိုရင်တော့ Treatment ပေးဖို့လိုအပ်လာပါပြီ။ တပတ်တခါလောက်ပဲဖြစ်ဖြစ်တော့ ဆံပင်ကိုပေါင်းတင်ပေးဖို့လိုပါတယ်။ ပစ်ထားရင်တော့ အသက်ကြီးလာတဲ့အခါ ဆံပင်ကျန်တော့မှာမဟုတ်ပါဘူး။

Lifestyle_Myanmar

ref-fashionbeans


#အသားအရေ
#ဖက်ရှင်
#သဘာဝ
#အမျိုးသမီး
#ကာလာ

Some text some message..