
သင်က လက်သည်းနီဆိုးရတာ ကြိုက်တဲ့သူဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ လက်သည်းနီအရောင်ရွေးတဲ့အခါ ကိုယ့်အသားအရောင်နဲ့လိုက်တဲ့ကာလာလေးတွေ ရွေးချယ်ပေးတာက သင့်လက်ကို အသားဆောင်ပြီး ပိုကြည့်ကောင်းစေပါတယ်။ ဒီတစ်ခေါက်မှာ ကိုယ်နဲ့လိုက်တဲ့ လက်သည်းနီအရောင်ရွေးရခက်တာမျိုးလည်း မဖြစ်ရအောင် Skin Tone တစ်ခုစီအတွက် ဆိုးသင့်တဲ့ အလိုက်ဖက်ဆုံးအရောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Light Skin Tones
အသားဖြူတဲ့သူတွေက လက်သည်းနီအရောင်တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ပန်းရောင်၊ အနီရောင်တို့လို အရောင်လင်းလင်းတွေကတော့ အသားဖြူတဲ့သူတွေအတွက်ပိုပြီး အသားဆောင်စေမှာပါ။
Nude ကိုမှ ပန်းရောင်ဘက်သွားတဲ့ကာလာလေးတွေ ဆိုးပေးပါ။ အသားဖြူသူတွေက အနီရင့်၊ Navy စတဲ့ အရောင်တွေနဲ့လည်း လိုက်သလို ပန်းရောင်ခပ်ရင့်ရင်ကနေ Hot Pink လို အရောင်လင်းလင်းတွေအထိ ပန်းရောင်အမျိုးမျိုးနဲ့ လိုက်ဖက်ပါတယ်။
Medium Skin Tones
Warm Skin သို့ Olive Skin လို့ခေါ်ကြတဲ့ အသားလတ်တဲ့ Skin Tone ပိုင်ရှင်တွေက Beige အသားရောင် ဆန်တဲ့ Nude ကာလာ၊ လိမ္မော်ဖောက်တဲ့ အနီရောင်တွေ၊ Peach ဘက်ရောက်တဲ့ ပန်းရောင်တို့နဲ့ အရမ်းလိုက်ပါတယ်။ သင့်လက်လေးကို ကြည်ပြီး လင်းနေစေမှာပါ။
Dark Skin Tones
အသားညိုတဲ့သူတွေက အရောင်ငြိမ်ငြိမ်လေးတွေနဲ့လည်းလိုက်ဖက်သလို ကိုယ်ရွေးတတ်ရင် ရွေးတတ်သလို အရောင်တောက်တောက်လေးတွေနဲ့လည်း ကြည့်ကောင်းပါတယ်။ ပန်းခရမ်းရောင်၊ နီညိုရောင်၊ ခရမ်းရောင်အဖျော့၊ အစိမ်းရင့်တွေက Dark Skin ရှိသူတွေနဲ့ လိုက်ဖက်တဲ့ လက်သည်းနီအရောင်လေးတွေပါ။ အနုအရင့်ပေါင်းထားတဲ့ နှစ်ရောင်စပ်လေးတွေနဲ့လည်း လိုက်ဖက်စေမှာဖြစ်လို့ စမ်းဆိုးကြည့်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest
By MyStyle Myanmar