ပေါင်ကြားတွေပွန်းပြီး နီရဲတာမျိုးတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ
mystylemyanmar.com
|
2022-08-17

ဝတဲ့သူတွေက လမ်းလျှောက်တာများရင် ပေါင်ကြားတွေပွန်းပြီး စပ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ တချို့ကျတော့လည်း ဝတ်ထားတဲ့ အဝတ်အစားကြောင့် အသားတွေနီရဲပြီး ပွန်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုတွေဖြစ်လာရင် အသားတွေစပ်ပြီး နေရခက်ပါတယ်။

ဒါကြောင့် ပေါင်ကြားတွေပွန်းပြီး နီရဲတာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Vaseline petroleum jelly


Vaseline petroleum jelly ကို ပေါင်ကြား ပွန်းတတ်တဲ့နေရာတွေမှာ လိမ်းပေးမယ်ဆိုရင် ပေါင်ကြားပွန်းတာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။

Slip shorts


Underwear ဝတ်ရင် ကိုယ်ဝတ်ထားတာက ကျပ်နေတဲ့အခါ၊ ဝတ်ထားတာကြာလာတဲ့အခါ ပေါင်ကြားနေရာတွေ နီရဲပြီး ပွန်းတာ၊ စပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် slip shorts လေးတွေ ပြောင်းဝတ်ကြည့်ပါ။

Baby powder


ပေါင်ကြားနေရာနဲ့ bikini lines နေရာလေးတွေကို baby powder လိမ်းပေးမယ်ဆိုရင်လည်း ပေါင်ကြားပွန်းပြီး နီရဲတာ၊ စပ်တာတွေ သက်သာစေပြီး ထပ်မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

Shea butter


ပေါင်ကြားတွေပွန်းတာက ဒဏ်တစ်ခုလိုတောင် ဖြစ်နေတယ်၊ အဲ့နေရာက ကြမ်းပြီး စပ်နေတယ်ဆိုရင် shea butter (သို့) shea butter cream တွေ လိမ်းပေးပါ။ သက်သာသွားပါလိမ့်မယ်။ အဓိကက အသားခြောက်ရင် ပိုပြီးပွန်းပါတယ်။ ဒါကြောင့် အမြဲလိမ်းပေးမယ်ဆိုရင် နောက်ထပ် ပေါင်ပွန်းတာတွေ မဖြစ်တော့ပါဘူး။

ရှားစောင်းလက်ပတ်ဂျယ်လ်


ကိုယ့်အသားအရေက ရှားစောင်းလက်ပတ်နဲ့ တည့်တယ်ဆိုရင် ဖြစ်တဲ့နေရာကို ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ ပွတ်ပေးပါ။ ပေါင်ကြားပွန်းတာ၊ စပ်တာတွေ သက်သာစေပါတယ်။

Bandalette


Bandalette ကိုဝတ်ပေးရင်လည်း ပေါင်ပွန်းတာမျိုး မဖြစ်တော့ပါဘူး။ အရမ်းဝတဲ့သူဆိုရင်တော့ မဝတ်တာထက်စာရင် ပေါင်ပွန်းတာကို ပိုပြီးသက်သာစေပါတယ်။

Lip balm


ပေါင်ကြားပွန်းတဲ့နေရာကို lip balm လိမ်းပေးတာလည်း သက်သာစေပါတယ်။ အပြင်သွားရင် ပွန်းတတ်တဲ့နေရာကို lip balm လေး သုတ်လိမ်းလိုက်ပါ။ ဒါဆိုရင် ပေါင်မပွန်းအောင် ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါတယ်။


#အဝတ်အစား
#Vaseline
#အသားအရေ
#powder
#ရှားစောင်းလက်ပတ်

Some text some message..