ဆံပင်အရောင်ဆိုးထားတာကြာရှည်ခံစေမယ့် ဆံသားထိန်းသိမ်းနည်းများ
mystylemyanmar.com
|
2022-08-26

ဆံပင်အရောင်ဆိုးထားပြီး အရောင်တွေကျွတ်ကုန်ရင် ပိုက်ဆံအကုန်ခံပြီး ဆိုးထားတာ အရမ်းနှမြောဖို့ကောင်းပါတယ်။ ဆံပင်ဆိုးထားရင် ဆံသားကလည်း အနည်းနဲ့အများတော့ ပျက်စီးသွားတဲ့အတွက် ဆံသားထိန်းသိမ်းတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါမှ ဆိုးထားတဲ့အရောင်လည်း ကြာရှည်ခံမှာပါ။ ဒါကြောင့် ဆံပင်အရောင်ဆိုးထားတာ ကြာရှည်ခံစေမယ့် ဆံသားထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဆိုးပြီး ၃ ရက်ကြာမှ ခေါင်းလျှော်ပါ


ဆံပင်အရောင်ဆိုးပြီး အိမ်ရောက်တာနဲ့ ခေါင်းလျှော်တာမျိုး၊ ဆံပင်ကနံနေလို့ဆိုပြီး နောက်နေ့ကျ ထပ်လျှော်ချလိုက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အရောင်တွေ ကျွတ်ကုန်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ ဆံပင်အရောင်ဆိုးပြီးပြီးချင်း ၃ ရက်ကြာမှသာ ခေါင်းလျှော်ပါ။

Color protectant shampoo သုံးပါ


ဆံပင်အရောင်ဆိုးထားတာက ခေါင်းလျှော်တိုင်း အရောင်တွေ ကျွတ်ပါတယ်။ ဒါကြောင့် ကိုယ်ဆိုးထားတဲ့ ဆံပင်အရောင် ကြာရှည်ခံချင်တယ်ဆိုရင် ရိုးရိုး shampoo တွေမသုံးပဲ color protectant shampoo ကို အမြဲသုံးပေးပါ။

Hair treatment တွေ ပုံမှန်လုပ်ပေးပါ


အပေါ်မှာပြောခဲ့သလိုပဲ ဆံပင်အရောင်ဆိုးရင် chemical တွေ ဆေးတွေထိထားတဲ့အတွက် ဆံသားက အနည်းနဲ့အများတော့ ပျက်စီးသွားတာပါပဲ။ ဒါကြောင့် ဆံသားကို ပြန်ထိန်းသိမ်းပေးတာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ ဆံသားထိန်းသိမ်းပေးမှလည်း ကိုယ်ဆိုးထားတဲ့အရောင်က ကြာရှည်ခံမှာပါ။ ဒီတော့ တစ်ပတ်တစ်ခါ ပုံမှန် hair treatment တွေ မလုပ်နိုင်ရင်တောင်မှ နှစ်ပတ် တစ်ခါ (သို့) တစ်လ တစ်ခါတော့ လုပ်ပေးသင့်ပါတယ်။

Dry shampoo သုံးပါ


ခေါင်းလျှော်တိုင်း ဆံပင်အရောင်တွေ ကျွတ်ကုန်တာဆိုတော့ ခဏခဏလျှော်နေရင် အရောင်တွေကျွတ်တာ ပိုမြန်တာပေါ့။ ဒါကြောင့် ဆံပင်အရောင်ဆိုးထားတယ်၊ ခေါင်းကလည်း ခဏခဏ အဆီထွက်တတ်တယ်ဆိုရင် dry shampoo ဆောင်ထားပြီး သုံးပါ။ ဆံပင်ပုံမကျတော့ရင်၊ အဆီတွေထွက်လာရင် dry shampoo လေးသုံးပေးပြီး ခေါင်းလျှော်တာကိုတော့ တစ်ပတ်တစ်ခါပဲ လျှော်ပါ။ ဒါဆိုရင် ဆံပင်အရောင်ကျွတ်တဲ့ နှုန်းလည်း လျော့ကျသွားပါမယ်။


#hair
#ဆံပင်အရောင်
#Dryshampoo
#Color
#chemical

Some text some message..