သင့်ကိုအသက်ကြီးတဲ့ပုံစံပေါက်သွားစေမယ့် Hairstyle 5 မျိုး
mystylemyanmar.com
|
2022-09-14

ဆံပင်ပုံစံက ကိုယ့်ရဲ့မျက်နှာကို ပြောင်းလဲသွားစေပါတယ်။ Hairstyle ကြောင့် ရုပ်ဆိုးသွားတာရှိသလို ပိုလှသွားတာလည်း ရှိပါတယ်။ ဒီလိုပဲ hairstyle ကြောင့် ရုပ်ပိုနုသွားတာရှိသလို ရုပ်ပိုရင့်သွားတာ၊ အသက်ကြီးတဲ့ပုံစံ ဖြစ်သွားစေတာလည်း ရှိပါတယ်။ ဘယ်သူမှတော့ ကိုယ့်ကိုယ်ကို အသက်ကြီးတဲ့ပုံစံပေါက်သွားတာမျိုး မလိုချင်ကြပါဘူး။ နုပျိုနေတဲ့ပုံလေးပဲ လိုချင်တာပါ။ ဒါကြောင့် ရှောင်လို့ရအောင် သင့်ကို အသက်ကြီးတဲ့ပုံစံပေါက်သွားစေမယ့် hairstyle 5 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်အရှည်အဖြောင့်


ဆံပင်အဖြောင့်ကိုမှ အရှည်ကြီးထားပြီး ဖြောင့်ဆင်းနေအောင် ဖြောင့်ထားတဲ့ hairstyle မျိုးက သင့်ကို အသက်ကြီးတဲ့ပုံစံ ပေါက်သွားစေပါတယ်။ ဒါကြောင့် အရှည်ထားမယ်ဆိုရင် ဆံပင်ကို ပြေပြေလေး နည်းနည်းလိပ်တာမျိုး လုပ်လို့ရပါတယ်။ အဖြောင့်ပဲကြိုက်တယ်ဆိုရင်လည်း ခါးလောက်လေးပဲထားတာ အကောင်းဆုံးပါ။

ဆံထုံးအမြင့်ထုံးခြင်း


ဆံပင်ကိုအပြောင်သိမ်းပြီး ဆံထုံးကို အမြင့်ကြီးထုံးထားတာမျိုးကလည်း အသက်ကြီးတဲ့ပုံစံ ဖြစ်သွားစေပါတယ်။ ဆံထုံးထုံးမယ်ဆိုလည်း အရမ်းအမြင့်ကြီး မထုံးပါနဲ့။ ဆံပင်ကို အပြောင်မသိမ်းပါနဲ့။

အလယ်ခွဲခြင်း


ဆံပင်ကိုအလယ်တည့်တည့်ခွဲတာ၊ အလယ်ခွဲပြီး ဆံပင်စည်းတာတွေက ပုံမှန်ထက်ပိုပြီး အသက်ကြီးတဲ့ပုံစံ ဖြစ်သွားစေပါတယ်။ ဒါကြောင့် အလယ်ခွဲတာကိုရှောင်ပါ။

Sleek ponytail


ဒီလိုအပြောင်သိမ်းပြီးစည်းတဲ့ sleek ponytail hairstyle တွေကလည်း သင့်ကို အသက်ကြီးတဲ့ပုံပေါက်သွားစေမယ့် hairstyle မျိုးဖြစ်လို့ ရှောင်သင့်ပါတယ်။ တစ်ခါတစ်လေ ပွဲတွေသွားစရာရှိတဲ့အခါ တည်ငြိမ်ပြီး မျက်နှာရှင်းနေတာမျိုး လိုချင်ရင်တော့ ပြင်ဆင်သွားလို့ အဆင်ပြေပါတယ်။

ဆံပင်အကောက်


ဆံပင်အကောက်ကတော့ ပုံမှန်ထက်ပိုပြီး အသက်ကြီးတဲ့ပုံ ပေါက်သွားစေပါတယ်။ ကောက်တာထက် ပြေပြေလေးလိပ်တာမျိုးက ပိုပြီးလူငယ်ဆန်ပါတယ်။ အသက်ကြီးတဲ့ပုံစံမျိုး မလိုချင်ရင်တော့ ဒီလိုအကောက်ကြီးတဲ့ hairstyle မျိုးကို ရှောင်သင့်ပါတယ်။


#ဆံပင်ပုံစံ
#hair
#မျက်နှာ
#အကောက်
#ဆံထုံး

Some text some message..