ဗောက်ပျောက်စေဖို့ ဆင်ခြင်ရမယ့်အရာတွေနဲ့ လုပ်ပေးရမယ့် အိမ်တွင်းဖြစ်နည်းလမ်းများ
mystylemyanmar.com
|
2022-10-04

ဗောက်ထပြီဆိုရင် ယားလည်းယားသလို၊ ကုတ်လိုက်တိုင်းမှာလည်း ခေါင်းမှာ ဗောက်တွေ ဖြူဖွေးပြီး ပွထလာလိုက်၊ အင်္ကျီတွေမှာပါ ကပ်နေလိုက်နဲ့ အရမ်းကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် ဗောက်ရှိရင် ပျောက်အောင်လုပ်ပါ။ မဟုတ်ရင် ပိုပြီးများလာပါလိမ့်မယ်။ ဒါကြောင့် ဗောက်ပျောက်စေဖို့ ဆင်ခြင်ရမယ့်အရာတွေနဲ့ လုပ်ပေးရမယ့် လွယ်လွယ်ကူကူ အိမ်တွင်းဖြစ်နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

Overbrushing


ဆံပင်ကို ခဏခဏဖြီးတာ overbrushing ဖြစ်တာက ဦးရေပြား flaky ဖြစ်ပြီး ဗောက်ထလာစေပါတယ်။ ဒါကြောင့် တစ်နေ့ထဲမှာပဲ ခဏခဏခေါင်းဖြီးတာမျိုး မလုပ်ပါနဲ့။

ဦးရေပြားအဆီပြန်ပြီးမသန့်ရှင်းခြင်း


ဦးရေပြား အဆီအရမ်းပြန်ရင်လည်း ဖုန်တွေနဲ့ကပ်ပြီး ယားတာ၊ ဗောက်ထတာတွေ ဖြစ်စေပါတယ်။ ဦးရေပြား မသန့်ရှင်းရင်လည်း ဗောက်ထပါတယ်။ ဒါကြောင့် ပုံမှန်ခေါင်းလျှောက်ပါ။ ဖုန်တွေများတဲ့နေရာကို သွားပြီးရင် ခေါင်းသေချာလျှော်ပါ။

Tea tree oil


ဗောက်ထတာပျောက်ဖို့အတွက်ဆိုရင် အလွယ်ကူဆုံး အိမ်တွင်းဖြစ်နည်းလမ်းကတော့ tea tree oil သုံးတာပါပဲ။ ကိုယ်သုံးနေကျ ခေါင်းလျှော်ရည်ထဲကို tea tree oil နည်းနည်းထည့်လျှော်တာမျိုး လုပ်ပေးလို့ရသလို၊ ဦးရေပြားကို tea tree oil အစက်နည်းနည်းချပြီး ၅ မိနစ်လောက် လက်ချောင်းလေးတွေနဲ့ massage လုပ်နှိပ်နယ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

သံပယိုရည်


သံပယိုသီးကို အရည်ညှစ်ချပြီး ရလာတဲ့အရည်ကိုမှ ဦးရေပြားကို ပွတ်လိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် ၁၀ မိနစ်ထားပြီးမှ ခေါင်းလျှော်လိုက်ပါ။ ခေါင်းမှာ ကုတ်ထားတဲ့အနာတွေရှိရင်တော့ စပ်ပါလိမ့်မယ်။

Apple cider vinegar


Apple cider vinegar ကို ရေနဲ့ ဆတူရောမွှေပြီး ခေါင်းလောင်းချပါ။ ပြီးရင် ရေစစ်ပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်လောက် ပေါင်းထားလိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း ခေါင်းလျှော်လို့ရပါပြီ။


#သံပယိုရည်
#အနာ
#ဦးရေပြား
#teatreeoil
#Applecidervinegar

Some text some message..