ကိုယ့်ရဲ့အပြုံးတွေကို Upgrade လုပ်နိုင်မယ့် နည်းလမ်းများ
lifestylemyanmar.com
|
2022-10-09

ပထမဆုံးတွေ့ဆုံမှုတွေမှာ တဖက်လူက သင့်ကိုလုံးဝ မမေ့နိုင်လောက်တဲ့ အပြုံးတွေကို ဖန်တီးပေးလိုက်ပါ။ စွဲမက်စရာအပြုံးတွေကို ပေါ်ပေါက်စေနိုင်ဖို့အတွက်က နည်းလမ်းတွေတော့ လိုအပ်တာပေါ့နော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့အပြုံးတွေကို Upgrade လုပ်မလဲ။

ဖြူဖွေးနေတဲ့သွားများ

အပြုံးတွေတောက်ပဖို့ အကောင်းဆုံးအကူအညီပေးနိုင်တာကတော့ ပုလဲကဲ့သို့ဖြူစင်နေတဲ့သွားများပဲဖြစ်ပါတယ်။ တကယ်လို့သာ သင့်ရဲ့သွားတွေဟာ ဝါထိန်တဲ့အဆင်းတွေနဲ့ အနာအဆာတွေရှိနေခဲ့ရင် သင့်အပြုံးတွေက ဘယ်လိုမှအသက်ဝင်နိုင်တော့မှာမဟုတ်ပါဘူး။


မျက်လုံးတွေရဲ့ဆွဲဆောင်မှု

ညို့အားကောင်းတဲ့အပြုံးတစ်ခုမှာ မျက်လုံးတွေရဲ့အခန်းကဏ္ဍဟာလည်း အရေးကြီးလှပါတယ်။ ပြုံးတဲ့အခါမှာ နှုတ်ခမ်းတစ်ခုထဲပြုံးနေရုံနဲ့ မလုံလောက်ပါဘူး။ မျက်လုံးလေးတွေကိုပါ ပြုံးတတ်အောင်လေ့ကျင့်ပေးပါ။ စိတ်ထဲက နှစ်နှစ်ကာကာနဲ့ပြုံးလိုက်ခြင်းဖြင့် ကိုယ့်ပတ်ဝန်းကျင်ကမိန်းကလေးတွေကို ဆွဲဆောင်လိုက်ပါ။


ရောဂါတွေနဲ့အဝေးဆုံး

သင့်မျက်နှာမှာ အပြုံးပန်းတွေပွင့်ဝေနေစေဖို့အတွက်က ခန္ဓာကိုယ်ကျန်းမာနေမှဖြစ်နိုင်မှာပါ။ ခန္ဓာကိုယ်မှာ ရောဂါဝေဒနာတစ်ခုခုကို ခံစားနေရချိန်မှာ ပွင့်လင်းတဲ့အပြုံးပန်းက ဘယ်လိုမှပွင့်လန်းနိုင်မှာမဟုတ်ပါဘူး။

စိတ်ခံစားမှုများနဲ့ အဝေးဆုံး

စိတ်ကို ပေ့ါပါးလန်းဆန်းနေအောင်နေဖို့ အရေးကြီးပါတယ်။ စိတ်ခံစားချက်တွေနဲ့ ဖိစီးနေတဲ့အခါ ဘယ်လိုမှဆွဲဆောင်မှုရှိတဲ့အပြုံးတွေကို မပိုင်ဆိုင်နိုင်ပါဘူး။ စိတ်ခံစားမှုများကို တတ်နိုင်သလောက် လျော့ချပစ်နိုင်ဖို့လိုအပ်ပါတယ်။


Lifestyle_Myanmar

ref-lifehack


#အပြုံး
#ခန္ဓာကိုယ်
#မျက်လုံး
#မိန်းကလေး
#ခံစားမှု

Some text some message..