မိတ်ကပ် Look အသစ်တွေ စိတ်ဝင်စားသူတိုင်း Subscribe လုပ်ထားသင့်တဲ့ ကိုးရီးယား Makeup Youtuber (၈) ယောက်
mystylemyanmar.com
|
2022-10-14

အားလုံးပဲ မင်္ဂလာပါနော်။ မိတ်ကပ်အခုမှစပြင်မယ့်သူ ဒါမှမဟုတ် မိတ်ကပ် Look အသစ်လေးတွေ စမ်းပြင်ကြည့်ချင်တဲ့သူဆိုရင် Youtube ပေါ်က မိတ်ကပ် Tutorial လေးတွေက အရမ်းအသုံးဝင်ပါတယ်။

တစ်နေ့တစ်မျိုးမရိုးရတဲ့ ကိုးရီးယား Makeup Trend တွေကလည်း လူငယ်မိန်းကလေးတွေကြား ခေတ်စားနေတာမို့လို့ မိတ်ကပ်နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို ဝေမျှပေးနေတဲ့ ကိုးရီးယား မိတ်ကပ် Youtubers တွေကို သိထားသင့်တယ်နော်။

ဒါကြောင့်မို့ မိတ်ကပ်လိမ်းရတာကြိုက်တဲ့ ပျိုမေတို့လေ့လာနိုင်မယ့် နာမည်ကြီး ကိုးရီးယားမိတ်ကပ်ပညာရှင်တွေရဲ့ Youtube Channel တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်ကြည့်နေကျ Channel တွေပါမလား စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

၁။ PONY Syndrome


နာမည်ကြီး Makeup ပညာရှင်ဖြစ်တဲ့ PONY ကိုတော့ မိတ်ကပ်အကြောင်းစိတ်ဝင်စားတဲ့သူတိုင်း သိပြီးသားဖြစ်မှာပါ။ သူမဟာ 2NE1 အဖွဲဝင် CL လိုနာမည်ကြီး Kpop Idol တွေကို ပြင်ပေးနေတဲ့သူဖြစ်ပြီး PONY EFFECT လို့ခေါ်တဲ့ ကိုယ်ပိုင် Makeup Brand ကိုပါ ပိုင်ဆိုင်ထားသူပါ။ သူမရဲ့ Channel ကလည်း Subscriber ပေါင်း ၆ သန်းနီးပါးအထိရှိတာမို့ နာမည်အကြီးဆုံး Makeup Youtuber တစ်ဦးလို့ ပြောလို့ရပါတယ်။

၂။ Risabae


အဆိုတော် Sunmi နဲ့တူလို့ တော်တော်များများကသိကြတဲ့ မိတ်ကပ်ပညာရှင် Risabae ကလည်း သူမရဲ့ Channel မှာ အခြေခံမိတ်ကပ်ပြင်နည်းတွေကနေ Idol Makeup Look တွေ၊ Cosplay Look ပုံစံတွေအထိ ကိုယ်တိုင်ပြင်ပြထားတာမို့ ပျိုမေတိုင်းအတွက် အရမ်းအသုံးဝင်မှာပါ။

၃။ areumsongee


areumsongee ကတော့ သူမရဲ့ Channel မှာ သူမကိုယ်တိုင်အပြင်သွားရင်း ပြင်နေကျ Makeup Look လးတွေ ပြင်ဆင်ပြီး စိတ်ဝင်စားစရာ မိတ်ကပ် Tips လေးတွေလည်း မျှဝေပေးလေ့ရှိတာမို့ ကိုယ်တိုင်လည်း လိုက်ပြင်နိုင်သလို ကြည့်ရင်းနဲ့ မိတ်ကပ်နဲ့ပက်သက်တဲ့အကြောင်းအရာအသစ်လေးတွေလည်း သိနိုင်မယ့် Channel လေးအဖြစ် လူကြိုက်များပါတယ်။

၄။ Lamuqe


မိတ်ကပ် Look ပေါင်းများစွာကို ပြင်ဆင်ပြခဲ့တဲ့ Lamuqe ရဲ့ Channel ကလည်း အခုအချိန်မှာ Subscriber ၁ သန်းကျော်အထိရှိထားပြီဖြစ်တဲ့ လူသိများတဲ့ Channel တစ်ခုပါ။ သူမဟာ မိတ်ကပ်လိမ်းတဲ့အခါမှာ သိထားရမယ့် Tips တော်တော်များများကို မျှဝေပေးတတ်တဲ့သူမို့ ကိုးရီးယားမိတ်ကပ်အကြောင်း စိတ်ဝင်စားတဲ့သူတွေအတွက် သူမက အရမ်းအဆင်ပြေပါတယ်။

၅။ Heizle


Heizle က သူမရဲ့ မိတ်ကပ်အပြင် နေ့စဉ်ဘဝအကြောင်းလေးတွေကိုပါ ကြည့်ရှှုသူတွေအတွက် မရိုးရအောင် တင်ဆက်နေတဲ့ Youtuber တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ Makeup Tutorial လေးတွေကအတွက် အခုခေတ်မိန်းကလေးတိုင်းအတွက် အဆင်ပြေမှာဖြစ်လို့ စမ်းကြည့်ဖို့မမေ့ပါနဲ့နော်။

၆။ Yoo’s Beauty


Yoo’s Beauty ကလည်း သူမရဲ့ ကြည့်ရှုသူတွေအတွက် သူမလို အသားအရေ၊ မျက်နှာကျမျိုးနဲ့လိုက်မယ့် Makeup Look လေးတွေ အရောင်မတူတဲ့ မိတ်ကပ်ပုံစံလေးတွေ ဖော်ပြပေးလေ့ရှိတဲ့အပြင် သူမရဲ့ Video လးတွေက အရောင်လင်းလင်းလေးတွေနဲ့မို့ ကြည့်လို့လည်းကောင်းပါတယ်။

၇။ leeanfilm


သူမကတော့ Makeup Look လေးတွေအပြင် ရာသီအလိုက် Fashion တွေကိုပါ တင်ပေးတတ်တာမို့ အလှအပပိုင်းနဲ့ပက်သက်ပြီး ဗဟုသုတတော်တော်များများရနိုင်မယ့် Channel လေးလို့ပြောလို့ရပါတယ်။ ဒါ့အပြင် သူမရဲ့ Channel မှာ မိန်းကလေးတိုင်းစိတ်ဝင်စားတဲ့ ကိုယ်တိုင်ရှေ့ဆံမြိတ်ညှပ်နည်း Video လေးကိုပါ မျှဝေပေးထားတာကို တွေ့ရပါတယ်။

၈။ Sunny’s Channel


Blackpink အဖွဲ့ရဲ့ မိတ်ကပ် Look ပုံစံတွေလို နာမည်ကြီး Makeup Look ပြင်နည်းလေးတွေ သိချင်ရင်တော့ Sunny’s Channel က အရမ်းအဆင်ပြေပါတယ်နော်။ သူမရဲ့ Channel မှာဆိုရင် လိုက်ပြင်လို့လွယ်တဲ့ Daily Makeup Look ပြင်နည်းလေးတွေအပြင် Trend အမှီ အမိုက်စား Makeup ပုံစံလေးတွေကိုပါတင်ပေးထားတာကို တွေ့ရမှာပါ။

Photo Source: Youtube


#မိန်းကလေး
#MakeupLook
#Trend
#Youtuber
#PONYSyndrome

Some text some message..