မွေးနေ့မှာ ဂါဝန်လှလှလေးဝတ်ပြီး ဓာတ်ဖမ်းချင်တဲ့သူတွေအတွက် ချစ်စရာကောင်းတဲ့ Dress Outfit ဒီဇိုင်းများ
mystylemyanmar.com
|
2022-10-24

မင်္ဂလာပါ ပျိုမေတို့ရေ။ တစ်နှစ်မှ တစ်ခါပဲ ကျင်းပရတဲ့ ကိုယ်ပိုင်နေ့လေးမှာ အမှတ်တရအနေနဲ့ Photoshoot လုပ်ပြီး မှတ်တမ်းတင်ချင်တဲ့ ပျိုမေတို့အတွက် အစွမ်းကုန်လှနေစေမယ့် Dress ဒီဇိုင်း အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်ရဲ့ ငယ်ရွယ်လှပတဲ့ အစိတ်အပိုင်းလေးကို တစ်ချိန်မှာ အမှတ်တရအနေနဲ့ ပြန်ကြည့်ရင်း ကြည်နူးနိုင်ဖို့ ဖော်ပြထားတဲ့ Dress လှလှလေးတွေက ရိုက်သမျှပုံတိုင်း ပုံထွက်လှစေဖို့ အားဖြည့်ပေးမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်-

ပန်းရောင်နုနုဂါဝန်လေးတွေက မွေးနေ့တွေအတွက် ကွက်တိပါပဲ။ ပန်းရောင်က မိန်းကလေးတွေကို ကိုယ်စားပြုတဲ့အရောင်လေးဖြစ်တဲ့အပြင် ကိတ်မုန့်၊ ပန်းစည်း၊ လက်အိတ်လေးတွေနဲ့ တွဲရိုက်လို့လည်း အရမ်းလိုက်ပါတယ်။ ပုံထဲကလို ပန်းရောင် Dress ပုံစံလေးတွေ ဝတ်ကြည့်ပါ။ ချစ်စရာကောင်းပြီး Soft ဖြစ်တဲ့ပုံစံလေးရစေပါလိမ့်မယ်။





Fairytale ထဲကခုန်ထွက်လာတဲ့ နတ်သမီးလေးလို လှနေချင်ရင်တော့ လက်အဖောင်းပါတဲ့ ဂါဝန်လေးတွေကိုရွေးချယ်ပေးပါ။ ကလေးဆန်တဲ့ဂါဝန်လေးမို့ ရှိရင်းစွဲထက်ငယ်တဲ့ပုံစံပေါက်စေပါတယ်။





Body Shape ပေါ်တဲ့ ဂါဝန်အကပ်လေးတွေကလည်း ဆွဲဆောင်မှုရှိသလို Elegant ဆန်စေမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။






ပန်းဂါဝန် အပါးလေးတွေကလည်း Outdoor Photoshoot လုပ်မယ့်သူတွေအတွက် အရမ်းသင့်တော်ပါတယ်။ အရောင်လေးလင်းပြီး စိတ်ကူးယဉ်ဆန်တဲ့ Vibe မျိုးရစေမှာပါ။





ဒီလို Mini Dress လေးတွေကလည်း ရိုးတယ်ထင်ရပေမယ့် ဝတ်တတ်ရင်ဝတ်တတ်သလို အရမ်းလှပါတယ်။ Mini Dress လေးကိုမှ အောက်က Boots ဖိနပ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ချစ်စရာကောင်းတဲ့ပုံစံနဲ့ ဂျစ်ကန်ကန်ပုံစံကို ရောထားသလိုမြင်ရတာမို့ လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တဲ့ လူငယ်ကောင်မလေးတွေရဲ့ ပုံရိပ်လေးပေါ်လွင်စေမှာပါ။




Photo Source: Pinterest

By MyStyle Myanmar


#Dress
#မိန်းကလေး
#ဂါဝန်
#မွေးနေ့
#Shape

Some text some message..