ဝက်ခြံသမားတွေအတွက် လိုအပ်တဲ့ Skincare 6 မျိုး
mystylemyanmar.com
|
2022-10-27

ဝက်ခြံသမားတွေက Skincare သုံးမယ်ဆိုရင် သူများကောင်းတယ်ပြောတိုင်း လျှောက်မသုံးသင့်ပါဘူး။ အခန့်မသင့်ရင် ဝက်ခြံတွေ ပိုဆိုးလာနိုင်တာကြော်င့ သေချာဂရုစိုက်ပေးသင့်ပါတယ်။ ဒါကြောင့် ဝက်ခြံသမားတွေအတွက် အဓိကလိုအပ်တဲ့ skincare 6 မျိုး ကို ပြောပြပေးလိုက်ပါတယ်။

Cleansing


Cleansing အတွက် မျက်နှာသစ်ဆေးနဲ့ cleansing water လိုပါတယ်။ မနက်ပိုင်းမှာ မျက်နှာသစ်ဆေးနဲ့ပဲ မျက်နှာသစ်ပြီး ညပိုင်းရောက်ရင်တော့ cleansing water နဲ့ မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်သန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့သစ်ပါ။

Toner


Toner မဖြစ်မနေ သုံးပေးပါ။ ဝက်ခြံသမားတွေအတွက် ထုတ်ထားတာမျိုး၊ ကိုယ့်အသားအရေအတွက် safe ဖြစ်တာမျိုးကို ရွေးသုံးပေးပါ။

Serum or Essence


ဝက်ခြံတွေကို သက်သာစေတဲ့ serum or essence တစ်ခုခုကို ရွေးသုံးပေးပါ။ ဝက်ခြံတွေ သက်သာပြီး အသားကြည်လာစေဖို့ ဒီအဆင့်က အရေးကြီးပါတယ်။

Moisturizer


Moisturizer ရွေးတဲ့နေရာမှာ ဝက်ခြံသမားတွေ စိတ်ချလက်ချသုံးလို့ရတဲ့ moisturizer မျိုး၊ ဝက်ခြံတွေသက်သာသွားအောင် ကူညီပေးနိုင်တဲ့ moisturizer မျိုးကို သုံးပေးပါ။

Acne Treatment


ဝက်ခြံသမားတွေက acne treatment ကို ဆောင်ထားသင့်ပါတယ်။ ဝက်ခြံပေါက်တဲ့နေရာမှာ acne treatment လိမ်းပေးခြင်းက ဝက်ခြံတွေ သက်သာစေလို့ ဝက်ခြံသမားတွေအတွက်တော့ မရှိမဖြစ်ပါပဲ။

Exfoliate


တစ်ပတ်တစ်ခါ exfoliate ပုံမှန်လုပ်ပေးပါ။ Sheet mask လေးတွေပါ ကပ်ပေးရင်တော့ ပိုကောင်းပါတယ်။


#အသားအရေ
#မျက်နှာ
#Skincare
#serum
#ဝက်ခြံ

Some text some message..