အလှအပအတွက် သိပ်ပြီးလုပ်လေ့မရှိကြတဲ့ Vaseline ရဲ့အသုံးဝင်ပုံ ၉ မျိုး
mystylemyanmar.com
|
2022-11-05

အလှအပအတွက်ဆိုရင် တော်တော်များများက Vaseline ကို အသားခြောက်တဲ့နေရာ သုံးတာမျိုး၊ နှုတ်ခမ်းလိမ်းဖို့ သုံးတာမျိုးလောက်ပဲ လုပ်ကြတာပါ။ ဒါကြောင့် သိပ်ပြီးလုပ်လေ့မရှိကြတဲ့ Vaseline ရဲ့အသုံးဝင်ပုံ ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Lip Scrub


Vaseline က နှုတ်ခမ်းကွဲရင် လိမ်းဖို့အတွက်ပဲ မဟုတ်ပါဘူး။ သကြားနဲ့ရောပြီး Lip Scrub လည်း လုပ်လို့ရပါတယ်။

မျက်ခုံးမွှေးနှုတ်တဲ့အခါ



မျက်ခုံးမွှေးနှုတ်တဲ့အခါမှာ Vaseline ကိုအရင်လိမ်းပြီးမှ နှုတ်ပေးမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ နာတာလည်း သက်သာပါတယ်။

Highlighter အဖြစ်သုံးခြင်း


Vaseline နဲ့ Loose Powder နဲ့ကိုရောပြီး Highlighter အဖြစ်နဲ့သုံးလို့လည်း ရပါသေးတယ်။

နှာခေါင်းအသားပွန်းတဲ့အခါ


နှာစေးရင် လက်နဲ့ပွတ်တာ၊ အဝတ်၊ တစ်ရှူနဲ့ ပွတ်သုတ်တာတွေများပြီး နှာခေါင်းအသားတွေ ပွန်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် Vaseline သာလိမ်းပေးပါ။ သက်သာပါတယ်။

Shaving လုပ်ပြီးတဲ့အခါ


Shaving လုပ်ပြီးတဲ့အခါမှာလည်း Vaseline ကိုလိမ်းပေးရင် အသားအရေပျက်စီးတာ၊ ခြောက်သွေ့တာ၊ ပွန်းတာ သက်သာစေပါတယ်။

လက်သည်းအတွက်


လက်သည်းအားဖြည့်ဆီမရှိရင် Vaseline ကိုသာ ညတိုင်းလိမ်းပေးပါ။ လက်သည်းအတွက် ကောင်းပါတယ်။

မျက်တောင်တုဖြုတ်တဲ့အခါ



မျက်တောင်တုဖြုတ်တဲ့အခါမှာလည်း ကော်နဲ့ အသားမနာအောင် Vaseline ပွတ်ပြီး ဖြုတ်ပေးပါ။ အလွယ်တကူလည်း ပါလာစေပါတယ်။

Shoes တွေပြောင်နေဖို့


Shoes တွေပြောင်လက်နေစေဖို့အတွက်လည်း Vaseline နဲ့သာပွတ်ပေးပါ။

ဒေါက်ဖိနပ်စီးတဲ့အခါ


ဒေါက်ဖိနပ်စီးတဲ့အခါမှာ ဖိနပ်ပေါက်တာ၊ ခြေထောက်နာတာတွေမဖြစ်အောင်၊ ဖိနပ်အရမ်းကြပ်မနေအောင် ဖနောင့်ကို Vaseline ပွတ်လိမ်းပြီးမှ စီးပေးပါ။


#မျက်ခုံးမွှေး
#မျက်တောင်
#ဒေါက်ဖိနပ်
#Vaseline
#Shaving

Some text some message..