မျက်နှာပြောင်လေးနဲ့လည်း သဘာဝအတိုင်း လှနေဖို့ ဘယ်လိုအချက်လေးတွေ လိုက်နာသင့်သလဲ
lifestylemyanmar.com
|
2022-11-07

မိတ်ကပ်က သင့်ကို လှသထက်လှအောင် ကူညီပေးတယ်ဆိုပေမယ့်လည်း ဒီမိတ်ကပ်ကိုချည်းပဲ တစ်ချိန်လုံးအားကိုးနေလို့ မရပါဘူး။ မိတ်ကပ်မလိမ်းတဲ့အချိန်မှာလည်း သဘာဝအတိုင်း လှနေဖို့လိုပါတယ်။ မျက်နှာပြောင်လေးနဲ့လည်း သဘာဝအတိုင်း လှနေစေဖို့ ဘယ်လိုအချက်လေးတွေကို လိုက်နာသင့်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အသားအရေအလှအပကို ထောက်ပံ့ပေးနိုင်မယ့် အစားအစာများ စားသုံးပါ

ကိုယ်စားသုံးလိုက်တဲ့ အစားအစာက ကိုယ့်အသားအရေကို ဖော်ပြပေးနေပါတယ်။ အိုမီဂါသရီးကြွယ်ဝတဲ့ အစားအစာများ၊ ဗီတာမင် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ လိမ္မော်သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး စတဲ့ အစားအစာတွေကို မဖြစ်မနေစားသုံးသင့်ပါတယ်။


ရေများများသောက်ပါ

ရေဓာတ်ပြည့်ဝတဲ့ အသားအရေလောက် လှပတဲ့အသားအရေ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ သင့် ခန္ဓာကိုယ်ရှိအစိတ်အပိုင်းများအားလုံးက ရေဓာတ်အပေါ် မှီခိုအားထားနေရတာပါ။ ဘယ်နေရာသွားသွား ရေဘူးလေးဆောင်သွားပါ။ ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးလေးတွေကိုလည်း အစားထိုး စားသုံးနိုင်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

အိပ်ရေးဝဝ အိပ်စက်ခြင်းနဲ့ သင့်ရဲ့ အလှအပက ဒွန်တွဲနေတာပါ။ သင့် အိပ်စက်အနားယူချိန်မှာ ခန္ဓာကိုယ်ကလည်း အားပြန်ဖြည့်ရတာကြောင့် နောက်တစ်နေ့မနက် နိုးထလာတဲ့အခါ ရွှင်လန်းတက်ကြွနေချင်တယ်ဆိုရင် တစ်နေ့ကို ၆ နာရီမှ ၈ နာရီအထိ အိပ်စက်အနားယူရပါမယ်။


လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

အသားအရေလှပခြင်းရဲ့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကတော့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာနေစေရုံသာမကဘဲ စိတ်လက် ကျန်းမာပျော်ရွှင်အောင် ကူညီပေးပါသေးတယ်။

Skincare မှန်မှန်ပြုလုပ်ပေးပါ

မိတ်ကပ်မဖျက်ဘဲ အိပ်ရာထဲတန်းဝင်ပြီး အိပ်လိုက်တာမျိုး၊ Moisturizing ခရင်မ် မလိမ်းဘဲ ဖောင်ဒေးရှင်းတန်းလိမ်းလိုက်တာမျိုး စတဲ့ အချက်တွေကို ရှောင်ကြဉ်ပေးရပါမယ်။ မျက်နှာအသားအရေတစ်ခုတည်း ဂရုစိုက်ရမှာမဟုတ်ပါဘူး။ ခြေလက်တွေကိုလည်း လိုးရှင်းလိမ်းပေးရပါဦးမယ်။


မျက်နှာကြေးချွတ်ပါ

သင့် အသားအရေ အမြဲတမ်း နုပျိုလန်းဆန်းနေစေဖို့အတွက် တစ်ပတ် နှစ်ကြိမ်လောက် ပုံမှန်ကြေးချွတ်ပေးရပါမယ်။ ဒါမှ ဆဲလ်သေတွေ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပြီးသားဖြစ်သွားမှာပါ။

စမတ်ကျကျ ဝတ်ဆင်ပါ

ဈေးကြီးလွန်းလှတဲ့ အဝတ်အစားတွေကို ဝတ်ဆင်စရာမလိုပါဘူး။ ကိုယ့်မှာရှိပြီးသားအဝတ်အစားတွေကို သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျဝတ်ဆင်တတ်ဖို့ပဲလိုတာပါ။ ကိုယ့်ခန္ဓာကိုယ်ထက် ကြီးပြီးပွနေတာမျိုး (သို့) အရမ်း ကြပ်ထုပ်နေတာမျိုးတွေ မဝတ်ပါနဲ့။ သင့်ရဲ့ စတိုင်လ် ပျက်ယွင်းသွားနိုင်လို့ပါပဲ။ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်လိုက်ခြင်းအားဖြင့် လူပုံအလယ်မှာ လှပကျော့ရှင်းနေမှာပဲဖြစ်ပါတယ်။


Lifestyle_Myanmar

ref-stylecraze


#အသားအရေ
#သဘာဝ
#ခန္ဓာကိုယ်
#မိတ်ကပ်
#မျက်နှာ

Some text some message..