အိမ်မှာပဲ ဆံပင်အရောင်ဆိုးချင်သူတွေ Try ကြည့်နိုင်မယ့် အရောင်ထွက်လှတဲ့ကာလာ (၇) မျိုး
mystylemyanmar.com
|
2022-11-19

အကုန်အကျမများချင်လို့ အိမ်မှာပဲကိုယ်တိုင် ဆံပင်ဆိုးမလို့ ကြိုးစားနေတဲ့သူတွေ ဒါမှမဟုတ် ကိုယ့်ဆံပင်ကို အပြောင်းအလဲဖြစ်အောင် ဆိုးကြည့်ဖို့ စဉ်းစားနေတဲ့သူတွေရှိလား။ ကိုယ်တိုင်ဆိုးရတာက ဆိုးနေကျမဟုတ်ရင် အရောင်ထွက်မှန်အောင်လုပ်တဲ့နေရာမှာ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။ ကိုယ်ထင်ထားတဲ့အရောင် မထွက်ရင်လည်း ပိုပြီးစိတ်ညစ်ရမှာပါ။

ဒီလိုမဖြစ်ရအောင် ကိုယ်တိုင်ဆိုးမယ့်သူတွေ Try ကြည့်သင့်တဲ့ ဆိုးရမခက်ဘဲ အရောင်ထွက်စေမယ့် ဆံပင်ကာလာလေးတွေကို မျှဝေပေးချင်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ရအောင်နော်-

၁။ Golden Brown


ဆံပင်ရှည်သူလေးတွေ အရောင်ငြိမ်ငြိမ်လေးနဲ့လှဖို့ ဒီလို ကာလာလေးဆိုးကြည့်ပါ။ ကိုယ်တိုင်ဆိုးဖို့လွယ်သလို အသားညိုသူ၊ ဖြူသူအကုန်လုံးနဲ့လည်း လိုက်ဖက်ပါတယ်။

၂။ Chestnut Brown


ဒီအရောင်လေးက အောက်ခံအမဲ၊ အညိုရှိတဲ့သူတွေဆိုးဖို့ အရမ်းသင့်တော်ပါတယ်။ ဆေးချွတ်စရာမလိုဘဲ အရောင်ထွက်စေမှာပါ။

၃။ Copper


လတ်တလောကောင်မလေးတွေကြား ရေပန်းစားနေတဲ့အရောင်လေးပါ။ နေရောင်အောက်မှာဆို အရမ်းလှတဲ့ကာလာလေးဖြစ်ပြီး သူ့ကိုလည်း ဆိုးတဲ့အခါ ချွတ်ဆေးသုံးဖို့မလိုပါဘူး။

၄။ Mahogany


မဟော်ဂနီအရောင်လေးကလည်း ဆိုးရလွယ်တဲ့ကာလာတွေထဲက တစ်မျိုးပါပဲ။ အုတ်ကျိုးရောင်နဲ့ အညိုနဲ့စပ်ထားတဲ့ကာလာလေးဖြစ်ပြီး အနီဘက်ကိုသွားတဲ့ အရောင်မျိုးဆိုးချင်သူတွေအတွက် အဆင်ပြေမှာပါ။

၅။ Burgundy


နောက်ထပ်အနီဘက်သမ်းတဲ့ အရောင်လေးဖြစ်ပြီး ဆိုးတဲ့အခါ Bleach လုပ်စရာမလိုပေမယ့် ဆံပင်ဆိုးဖူးတဲ့အခံရှိသူတွေမှာပိုပြီးတော့ အရောင်ထွက်ထင်းနေစေမယ့်ကာလာလေးဖြစ်ပါတယ်။

၆။ Chocolate Brown


ဒီအရောင်လေးကလည်း ဆံပင်အတို၊ အရှည်အားလုံးနဲ့လိုက်ဖက်သလို အရောင်ငြိမ်ငြိမ်လေးမို့ ဆံသားလည်း မပျက်စီးပါဘူး။

၇။ Charamel


အညိုကိုမှ ရွှေအိုရောင်ဘက်သန်းတဲ့ ဒီလိုကာလာလေးကလည်း ကိုယ်တိုင်ဆိုးမယ့်သူတွေအတွက် အရောင်ထွက်လှစေမယ့် အရောင်လေးလို့ပြောလို့ရပါတယ်။ ခေတ်ဆန်တဲ့အရောင်လေးမို့ ဘယ်တော့မှမရိုးပါဘူး။

Photo Source: Pinterest

By MyStyle Myanmar


#Style
#ဆံပင်ရှည်
#ဆံပင်အရောင်
#ကာလာ
#ဆံသား

Some text some message..