ခန္ဓာကိုယ်ပြည့်တဲ့ပျိုမေတို့အတွက် ဆွဲဆောင်မှုရှိစေမယ့် Outfit အတွဲအစပ် Idea များ
mystylemyanmar.com
|
2022-11-30
Fashion က လူတစ်ယောက်ရဲ့ပုံစံကို ရှိရင်းစွဲထက် အနည်းနဲ့အများပြောင်းလဲလိုက်နိုင်တာကို ပျိုမေတို့လည်း လက်ခံထားမှာပါနော်။ အခုခေတ်မှာ ခန္ဓာကိုယ်ပိန်တာဝတာထက် ကိုယ့် Body Type နဲ့လိုက်မယ့် အဝတ်အစားရွေးတတ်တဲ့ ဖက်ရှင်အမြင်က အရေးအကြီးဆုံးပါပဲ။ သင်က ၀၀ကစ်ကစ်နဲ့ Curvy ဖြစ်တဲ့ ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားတယ်ဆိုရင် ဒီလို Body မျိုးနဲ့လိုက်ပြီး ဆွဲဆောင်မှုပိုတိုးစေမယ့် Outfit တွဲစပ်ဝတ်နည်းတွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါမှ တစ်နေရာသွားတိုင်း အဝတ်အစားအတွက် ခေါင်းစားစရာမလိုတော့သလို ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ထွေထွေထူးထူးပြင်ဖို့မလိုဘဲ အထာကျနေမှာပါ။
ဒီတစ်ခေါက်မှာ ခန္ဓာကိုယ်ပြည့်တဲ့ ပျိုမေတို့အတွက် ဆွဲဆောင်မှုတိုးစေမယ့် အပေါ်အောက် Outfit ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခေတ်စားတဲ့ Outfit Idea တွေဖြစ်တာမို့ လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့်အပြင် ကွက်တိတူအောင် မဝတ်နိုင်ရင်တောင် Fashion အတွဲအစပ်တွေကို နမူနာယူနိုင်မှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်-
Tank Top နဲ့ ဘောင်းဘီတို၊ စကပ်တို Outfit လေးတွေက Curvy Body တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အရမ်းလိုက်ပါတယ်။ ဒီတိုင်းဝတ်လည်း ဆွဲဆောင်မှုရှိသလို အပေါ်က ရှပ်လက်ရှည်အပါးလေးတွေနဲ့ဆိုလည်း လှနေမှာပါ။
အတိုမဝတ်ချင်တဲ့သူတွေက ဒီလိုစတိုင်ဘောင်းဘီ အပွလေးတွေ ဝတ်ကြည့်ပါ။ အပေါ်ဝတ်အတွက် လက်ရှည်လေးတွေ၊ ခါးအရှည်အင်္ကျီလေးတွေနဲ့လိုက်ပါတယ်။
အသားကပ်စကပ်လေးတွေကလည်း ကိတ်တဲ့သူတွေအတွက် ခန္ဓာကိုယ်ကောက်ကြောင်းပေါ်ပြီး ဆွဲဆောင်မှုရှိပါတယ်။
၀၀ကစ်ကစ်လေးတွေက ခန္ဓာကိုယ်အသားပိုပြည့်တာမို့ Dress လေးတွေနဲ့ဆို ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ ဒီလို Mini ဂါဝန်ပုံစံလေးတွေ ဝတ်ကြည့်ပါ။
ဂျင်းဘောင်းဘီနဲ့ဆိုရင်တော့ အပေါ်က Tank Top နဲ့ Blazer ဒါမှမဟုတ် လက်ဖောင်းအင်္ကျီလေးတွေနဲ့ တွဲဝတ်လို့လိုက်ပါတယ်။ စမတ်ကျသလို ဆွဲဆောင်မှုရှိတဲ့ Outfit မျိုးရမှာပါ။
Tennis စကပ်လိုပုံစံလေးတွေကလည်း ခန္ဓာကိုယ်ပြည့်တဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။ ခြေထောက်ကြီးနေလို့ မမြင်စေချင်ရင် ခြေအိတ်လေးတွေနဲ့တွဲဝတ်လို့ရပါတယ်။
Dress (သို့) စကပ်ရှည်ဒူးကွဲတွေကလည်း အကိတ်လေးတွေအတွက် ဆွဲဆောင်မှုတိုးစေမယ့် Outfit လို့ ပြောလို့ရပါတယ်။ ဒူးကွဲမို့ လမ်းလျှောက်ရသက်တောင့်သက်သာရှိတဲ့အပြင် လူကြီးလူငယ်မရွေး ပွဲသွားပွဲလာအတွက်ပါ ဝတ်လို့အဆင်ပြေမယ့် ဖက်ရှင်လေးပါ။
Photo Source: Pinterest, preview.ph
By MyStyle Myanmar
#ခန္ဓာကိုယ်
#စကပ်
#ပျိုမေ
#Outfit
#ဘောင်းဘီ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ