စတိုင်ကျချင်တဲ့ ပျိုမေတိုင်းမှာ ရှိထားသင့်တဲ့ အောက်ပိုင်း ဖက်ရှင် Item (၉) မျိုး
mystylemyanmar.com
|
2022-12-10

တစ်ကိုယ်လုံးစာ စတိုင်ကျနေဖို့ အပေါ် အင်္ကျီလှရုံနဲ့ မပြီးပါဘူး။ အပေါ်အောက် လိုက်ဖက်နေမှ သင်က စတိုင်ကျတယ်လို့ ပြောနိုင်မှာပါ။ အောက်ပိုင်း ဝတ်ရမယ့် ဖက်ရှင် Item တွေထဲမှာ ဘောင်းဘီ၊ စကပ် မျိုးစုံ ရှိပါတယ်။ သင်က စတိုင်ကျဖို့ ဘောင်းဘီပုံစံတိုင်း၊ စကပ်ပုံစံတိုင်းကို ပိုင်ဆိုင်စရာ မလိုပါဘူး။ အောက်ဖော်ပြပါ အောက်ပိုင်း ဖက်ရှင် စတိုင်တွေကို ပိုင်ဆိုင်ထားရုံနဲ့ လုံလောက်ပါတယ်။

အပြာရောင် ဘောင်းဘီ ဒဲ့ပွ


အပြာရောင် ဂျင်းဘောင်းဘီ ဒဲ့ပွတွေက နောက်ပိုင်း အဝတ်များလာတဲ့ စတိုင်ဖြစ်ပြီး ပျိုမေတိုင်း လိုလိုရဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်ပါတယ်။ ဒီ ဘောင်းဘီအပွတွေကို အပေါ် Crop နဲ့ တွဲနိုင်ပါတယ်။

အနက်ရောင် ဘောင်းဘီအကျပ်


အနက်ရောင်က သင့်ကို ပိုပိန်တယ် ထင်ရစေပါတယ်။ အနက်ရောင် ဘောင်းဘီအကျပ်က အပေါ် အင်္ကျီအရောင်တိုင်းနဲ့ လိုက်ဖက်ပါတယ်။ သင့်ပေါင်တံကိုလည်း ပိုသွယ်သွားစေနိုင်ပါတယ်။

Charcoal အရောင် ဘောင်းဘီ ဒဲ့ပွ


Charcoal အရောင်က အနက်ရောင်လိုပဲ အင်္ကျီတိုင်းနဲ့ လိုက်ဖက်ပြီး အရောင် နက်လွန်းတာကို မကြိုက်တဲ့ ပျိုမေတို့ ဆောင်ထားသင့်တဲ့ ဘောင်းဘီအရောင်ပါ။ Charcoal ကိုမှ ဘောင်းဘီဒဲ့ပွက စတိုင်ကျပါတယ်။

နက်ပြာရောင် ဘောင်းဘီ


Navy Blue အရောင် ဘောင်းဘီက အပေါ် အင်္ကျီအရောင်နုနဲ့ လိုက်ဖက်ပြီး စတိုင်ကျတဲ့ ဘောင်းဘီစတိုင်ပါ။

Tennis Skirt


သင်က မိန်းကလေးဆန်ဆန်နဲ့ လူငယ်ဆန်ဆန် စကပ်မျိုးကို ရှာနေရင်တော့ အဖြူရောင် Tennis Skirt က သင့်တော်ပါတယ်။

အကွက် စကပ်


အကွက် စကပ်တွေက ကိုးရီးယား ဆန်ဆန် လှချင်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်မှာပါ။

Jogger


Jogger တွေက အားကစား လုပ်ရင် သင့်တော်သလို ပေါ့ပေါ့ပါးပါး ဝတ်ထားဖို့လည်း သင့်တော်ပါတယ်။ မီးခိုးရောင် Jogger က အရှိသင့်ဆုံး အရောင်ပါ။

ဂျင်းဘောင်းဘီတို


ဂျင်းဘောင်းဘီတိုက ပေါင်တံသွယ်သွယ်လေးကို ပြချင်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေပါတယ်။ ဒါ့အပြင် ပိုလည်း စတိုင်ကျစေပါတယ်။

Style Pants


Style Pants အပွက ပွဲတက်ဖို့၊ အပြင်သွားဖို့ သင့်တော်တဲ့ ဘောင်းဘီ အမျိုးအစားပါ။ အဖြူရောင်က အင်္ကျီတိုင်းလိုလိုနဲ့ လိုက်ဖက်လေ့ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဂျင်းဘောင်းဘီ
#စကပ်
#ပျိုမေ
#Style
#ဘောင်းဘီ

Some text some message..