
ပျိုမေတို့ထဲမှာ စိတ်သစ်ကိုယ်သစ်ဖြစ်အောင် ဆံပင်ကေအသစ်ပြောင်းလိုက်ဖို့ စဉ်းစားနေတဲ့သူတွေရှိလား။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဆံပင်ကေပြောင်းမယ့်သူတွေအတွက် Try ကြည့်သင့်တဲ့ ဂုတ်ထောက် Hairstyle ပုံစံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ တစ်ခါတစ်လေမှာ ဆံပင်ပုံပြောင်းလိုက်တာက သင့်ကိုရှိရင်းစွဲထက်နုပျိုသွားပုံပေါက်စေနိုင်ပြီး ဒီထဲမှာ ဂုတ်တောက်ဆံပင်ကေကလည်း အပါအဝင်ပါပဲ။ ဂုတ်ထောက်လေးညှပ်လိုက်တာက ဆံပင်ထိန်းသိမ်းရလည်းပိုလွယ်သလို အတိုလေးဖြစ်သွားလို့ ပူတဲ့ရာသီအတွက်လည်း အဆင်ပြေမှာပါ။ ဂုတ်ထောက်ကိုမှ ပုံစံမျိုးစုံရှိတာမို့ အခုခေတ်လူငယ်တွေ ထားလေ့ရှိပြီး လိုက်ဖက်စေမယ့် Hairstyle လေးတွေကို ပျိုမေတို့ Idea ယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ ကိုယ့်မျက်နှာ Shape လေးနဲ့ လိုက်ဖက်ပုံစံလေးကို ရွေးပြီးပြောင်းကြည့်လိုက်ပါနော်။
ဂုတ်ထောက်အထပ်ကေလေး
ဂုတ်ထောက်လှိုင်းတွန့်ကေနဲ့ Curtain Bang လေး
ဆံမြိတ်အပါးလေးနဲ့ ဂုတ်ဝဲဆံပင်လေး
ဂုတ်ထောက်အဖြောင့်ကိုမှ အဖျားမှာ အထပ်ပါတဲ့ ဆံပင်ပုံစံ
Wolf Cut နဲ့ Mullets ပုံစံ ဘေးကိုအရမ်းမညီတဲ့အထပ်ကေ
Curtain Bang နဲ့ အဖျားပိုင်းအထပ်လေး
ဆံမြိတ်နဲ့ ဂုတ်ထောက်ဆံပင်
အုံထူအောင် တစ်လွှာချင်းဖွပြီး ကောက်ထားတဲ့ ပုံစံ
ဂုတ်ဝဲဆံပင်နဲ့ ရှေ့ဆံမြိတ်အလယ်ခွဲလေး

Photo Source: cosmo.ph
By MyStyle Myanmar