ဂါဝန်နဲ့ လိုက်ဖက်တဲ့ Coquette Hairstyles များ
mystylemyanmar.com
|
2022-12-16

Coquette ဆိုတာက မိန်းမ ပီသခြင်း၊ ကျက်သရေရှိခြင်း၊ အထက်တန်းကျခြင်း စတာတွေကို ရည်ညွှန်းလေ့ရှိပါတယ်။ Coquette Style ဆိုရင် အမျိုးသမီး ဆန်ဆန် ချမ်းသာကြွယ်ဝခြင်းဆိုတဲ့ အရာတွေက ပံ့ပိုးပေးလေ့ရှိပါတယ်။ အထူးသဖြင့် Coquette Hairstyles တွေက ဂါဝန်တွေနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ Coquette ဆံပင်စတိုင်အတွက် အဓိက လိုတဲ့ ပစ္စည်းတွေက မိန်းကလေးဆန်တဲ့ ဖဲပြား ခေါင်းစည်းကြိုး၊ ကလစ်တွေ၊ ကျစ်ဆံမြီးစတိုင်နဲ့ ရှည်လျားတဲ့ ဆံနွယ် အကောက်၊ အဖြောင့်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဂါဝန်နဲ့ လိုက်ပြီး သင့်ကို ထူးခြားသွားစေမယ့် Coquette Hairstyles တွေကို ကြည့်လိုက်ရအောင်-

နောက်ဘက်မှာ ကျစ်ဆံမြီးအကြီးကျစ်ပြီး ဖဲပြားခေါင်းစည်းကြိုးနဲ့ စည်းကာ ပန်းပွင့်လေးတွေ ထည့်မယ်။


ဆံပင်ကို နောက်နှစ်ဖက်စည်းပြီး ဖဲပြားလေးနဲ့ အဆုံးသတ်မယ်။


ကျစ်ဆံမြီးကျစ်ပြီး ဖဲပြားသေးသေးလေး နှစ်ခုနဲ့


ကျစ်ဆံမြီး အကြီး နှစ်ဖက်လုံးကို စည်းပေးရပါမယ်။ ပြီးနောက် ဖဲပြားအဖြူလေး ထည့်ရုံပါပဲ။


ဆံပင်ကို အမြင့်စည်းကာ ခပ်ပွပွလေး ဖွပြီး ဖဲပြားအကြီးလေးနဲ့ စည်းလိုက်မယ်။


နောက်ဘက် နှစ်ဘက်စည်းပြီးနောက် အမျှင်ပုံစံ ဖဲပြားလေးနဲ့ ချစ်ဖို့ ကောင်းပါတယ်။


ဆံပင်ကို လှိမ်စည်းကာ ဖဲပြား အနီလေးနဲ့ စတိုင်က တရုတ်မလေးနဲ့ တူစေမှာပါ။


နောက်ဘက်မှာ ဆံပင်ကို တစ်ဝက်စည်းကာ ကျစ်ဆံမြီးလေးကျစ်ပြီး ဖဲပြားနဲ့ အလှဆင်မယ်။ ဒီစတိုင်လေးက နောက်ဘက်ကနေ ဓာတ်ပုံရိုက်မယ်ဆိုရင် ချစ်ဖို့ကောင်းမှာ မလွဲပါပဲ။


ဆံပင်ကို အမြင့်စည်းပြီး ပြတ်သားတဲ့ အမျိုးသမီးစတိုင် ပေါ်စေမယ့် Coquette စတိုင်


အနိမ့်စည်းပြီးနောက် ဖဲပြားကလစ် လေးနဲ့ ပြေပြေလျော့လျော့လေး စည်းမယ်။


ဖဲပြား ကလစ်အကြီးနဲ့ ဆံထုံးပုံစံ စည်းပေးရပါမယ်။


ပတ် ဆံထုံး ထုံးကာ ဖဲပြားလေး တပ်လိုက်ရုံပါပဲ။


Photo Source: Pinterest

By MyStyle Myanmar


#Hairstyle
#ကလစ်
#ကျစ်ဆံမြီး
#ဂါဝန်
#ခေါင်းစည်းကြိုး

Some text some message..