Dinner Date တဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်ဖို့ Outfit Ideas များ
mystylemyanmar.com
|
2022-12-20

Dinner Date ဆိုတာ ချစ်သူ၊ သူငယ်ချင်း၊ မိသားစု၊ မိတ်ဆွေတွေနဲ့ အတူ အချိန်ကုန်ဆုံးဖို့ အကောင်းဆုံးအချိန်ကာလပါ။ ညစာထွက်ဖို့ စီစဉ်တာပဲဖြစ်ဖြစ် ရံဖန်ရံခါ အပြင်ထွက်တာပဲ ဖြစ်ဖြစ် ဒီလိုအချိန်မှာ ပေါ့ပေါ့ပါးပါး နဲ့ သက်တောင့်သက်သာရှိပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေက အသင့်တော်ဆုံးပါဘဲ။ ဒါကြောင့် Dinner Date မှာ ဝတ်ဆင်ဖို့အတွက် အဆင်ပြေတဲ့ပုံစံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

၁. Top And Jeans


ခေတ်မီဆန်းသစ်တဲ့ Top လေးကို ဂျင်းဘောင်းဘီအဖြောင့်လေးနဲ့ ဝတ်ဆင်လိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးလေးနဲ့ ချိုမြိန်တဲ့အသွင်အပြင်ကို ရစေပါတယ်။

၂. Mini Dress And Sneakers


Mini Dress လေးကို Sneaker အဖြူလေးနဲ့တွဲဝတ်လိုက်ရင်တော့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပုံစံဖြစ်သွားမှာ အသေချာပေါ့။

၃.Romantic Dress And Strappy Sandal


ချစ်သူနဲ့ Dinner Date တဲ့အခါ Romantic Dress လေးကို Strappy Sandals နဲ့အတူ ဝတ်ဆင်လိုက်ရင်တော့ အရမ်းလှတဲ့ Dinner Date လေးဖြစ်သွားမှာပါ။

၄. Sweater Dress


ဆောင်းဦးနဲ့ ဆောင်းရာသီတွေမှာ ညစာထွက်စားဖို့ ရွေးချယ်ရမယ်ဆို Sweater Dress လေးက အသင့်တော်ဆုံးပါ။ Sweater Dress လေးကို Long Boots လေးနဲ့တွဲဖက် ဝတ်ဆင်လိုက်မယ်ဆိုတော့ အမိုက်စား Outfit လေး ဖြစ်သွားပြီပေါ့။

၅.Midi Dress


Midi Dress လေးတွေကို ဒေါက်ဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ ပြီးပြည့်စုံပြီး ကျော့ရှင်းလှပတဲ့ ပုံစံလေးကို ရရှိစေပါတယ်။

၆.White T-Shirt And Blue Jean



ဘယ်အချိန်ဝတ်ဝတ် အမြဲ Smart ကျနေတဲ့ White T-Shirt နဲ့ Blue Jean လည်း Dinner Date အတွက်လည်း သင့်တော်ပါတယ်။

၇.Matching Set


အပေါ်က Top နဲ့အတူ Match ဖြစ်နေတဲ့ စကပ်လေးတွေကလည်း Dinner Date မှာ ဝတ်ဆင်တဲ့အခါ သင့်အလှကို အများမှာ ထင်ပေါ်နေစေမှာပါ။


#Dress
#ပေါ့ပေါ့ပါးပါး
#ညစာ
#Sweater
#Sneaker

Some text some message..