ဆံပင်အရောင်ကို သိပ်မပေါ်ချင်တဲ့ ပျိုမေတို့အတွက် Hair Color များ
mystylemyanmar.com
|
2022-12-20

သင်က ဆံပင် အနက်ရောင်ပဲ ထားရမယ်ဆိုတဲ့ စည်းကမ်းရှိတဲ့ အလုပ်ခွင်၊ ကျောင်းကို သွားနေရသူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အခုဖော်ပြထားတဲ့ ဆံပင်အရောင်တွေက သဘာဝဆန်ဆန် လှပြီး သင့်မျက်နှာ အသားရောင်ကို ပိုလင်းသွားစေမယ့် ဆံပင်အရောင်တွေပဲ ဖြစ်ပါတယ်။

Bronde


ဒီအရောင်က Blonde အထိလည်း မလင်းတဲ့ အရောင်ပါ။ ဒီ အညိုရောင် နဲ့ အဝါစပ်လေးက သင့်မျက်နှာကို ပိုအရောင်တက်စေပါလိမ့်မယ်။

Chestnut Brown


ဒီ Chestnut Brown အရောင်လေးက လူငယ်ဆန်တဲ့ အရောင်လေး ဖြစ်တဲ့အပြင် သိပ်လည်း မသိသာပါဘူး။ သင့်မျက်နှာကို ပိုသွယ်ပြီး ပိုလှစေမယ့် အရောင်ပါ။

Caramel Brown Highlight


သင်က အနက်ရောင်ပေါ်မှာ လိုင်းဖောက်ချင်ရင် ဒီ Caramel Brown Highlight က Perfect ပါပဲ။

Blue Violet


အရောင်တောက်တာကို မလိုချင်တဲ့ ပျိုမေတို့အတွက်တော့ Blue Violet ရောင်က အသင့်တော်ဆုံးပါပဲ။ ဒီအရောင်က ဆံပင်အနက်နဲ့ Blend ပြီး အသားပိုလင်းစေမှာပါ။ Cool Skin Tone ပိုင်ရှင်တွေနဲ့လိုက်ဖက်တဲ့ အရောင်ပါ။

Peek-a-boo ရောင်


သင်က အပေါ်ရောင်ကို လုံးဝ မပေါ်ချင်ရင် ဆံပင်စည်းလိုက်မှ ပေါ်တဲ့ Highlight လေးတွေက အိုင်ဒီယာကောင်းပါပဲ။

Auburn


အညိုရောင်လို့ ထင်ရပေမယ့် လည်ပြန် ပြန်ကြည့်ရတဲ့အထိ လှတဲ့အရောင်ဖြစ်ပါတယ်။

Chocolate Brown


Chocolate Brown အရောင်က မြန်မာမလေးတွေရဲ့ အသားအရေနဲ့ လိုက်ဖက်ပြီး နေပူထဲ ထွက်မှသိသာမယ့် အရောင်မျိုးပါ။

Source: Preview

By MyStyle Myanmar


#အညိုရောင်
#မျက်နှာ
#ပျိုမေ
#အနက်ရောင်
#ဆံပင်အရောင်

Some text some message..