အမျိုးမျိုးဝတ်ဆင်နိုင်တဲ့ Black Pencil စကတ် ဝတ်စုံ အိုင်ဒီယာများ
mystylemyanmar.com
|
2022-12-27

မိန်းကလေးတိုင်း ဗီရိုထဲမှာ မရှိမဖြစ် ရှိသင့်နေတဲ့အရာက Black Pencil စကတ်တစ်ထည်ပါ။ Black Pencil စကတ် တစ်ထည်ရှိရုံနဲ့ မတူညီတဲ့ Fashion မျိုးစုံဝတ်ဆင်လို့ ရပြီး Cropped Blouses၊ Denim Shirts စတာတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အမိုက်စား Fashion တွေအတွက် Black Pencil စကတ် တစ်ထည်ကို ဘယ်လိုမျိုးစုံဝတ်လို့ ရနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Black Pencil စကတ်ကို အင်္ကျီတွေ တီရှပ်တွေနဲ့ သင်နှစ်သက်သလို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။


မိန်းကလေးဆန်တဲ့ အင်္ကျီတွေနဲ့လည်း Black Pencil စကတ်ကို Fashion ကျကျ ဝတ်ဆင်နိုင်ပါတယ်။


Style Influencer တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဝတ်ထားသလိုမျိုး အပေါ်ထပ်လေးနဲ့လည်း Fashion ကျကျ လန်းလို့ရပါတယ်။


Romantic Tops တွေနဲ့ အသေးစိတ်ဖန်တီးထားတဲ့ Printed Shirts တို့နဲ့လည်း လိုက်ဖက်ညီစွာ ဝတ်ဆင်လို့ရပါသေးတယ်။


မိုးရွာတဲ့နေ့၊ ရာသီဥတုအေးတဲ့နေ့မျိုးတွေမှာတောင် လှချင်တိုင်းလှနေဖို့ အခုလိုလဲ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။


ခါးအမြင့် Black Pencil စကတ် တွေက သင့်ကို ဆွဲဆောင်မှုပိုစေတာမလို့ First Date တွေ့တဲ့အခါမျိုးတွေမှာ ဝတ်ဆင်သင့်ပါတယ်။


ရင့်ကျက်တဲ့အသွင်အပြင်ကို ဖန်တီးလိုတယ်ဆိုရင်တော့ Black Pencil ခါးမြင့်စကတ်ကို အဖြူရောင်၊ ရောင်စုံရှပ်အင်္ကျီ သို့မဟုတ် ချစ်စရာကောင်းသော ဘလောက်စ်အင်္ကျီတို့နဲ့ တွဲဖက်ပြီး စတိုင်လ်ကျကျ ဝတ်လို့ရပါတယ်။


သက်တောင့်သက်သာရှိတဲ့ပုံစံမျိုး လိုချင်တာဆိုရင်တော့ Off Shoulder လေးနဲ့ အမိုက်စားတွဲဝတ်လို့ ရပါသေးတယ်။



#မိန်းကလေး
#ရှပ်အင်္ကျီ
#ဆွဲဆောင်မှု
#PrintedShirts
#OffShoulder

Some text some message..