ဈေးသင့်တင့်ပြီး အကောင်းဆုံးဆိုတဲ့အထဲမှာပါတဲ့ Drugstore Eye Cream 5 မျိုး
mystylemyanmar.com
|
2023-01-21

Eye Cream တော်တော်များများက ဈေးကြီးပါတယ်။ ဒါပေမယ့် ဈေးသင့်တင့်တာတွေလည်း ရှိပါတယ်။ အဓိကကတော့ Quality ကောင်းပြီး တကယ်ထိရောက်ဖို့ပါပဲ။ ဒါကြောင့် Eye Cream ကို ဈေးအရမ်းမြင့်တာတွေလည်း မသုံးချင်ဘူးဆိုတဲ့သူတွေအတွက် ဈေးသင့်တင့်ပြီး အကောင်းဆုံးဆိုတဲ့အထဲမှာပါတဲ့ Drugstore Eye Cream 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။

RoC Retinol Correxion Under Eye Cream


အရေးအကြောင်းတွေအတွက် အကောင်းဆုံး Drugstore Eye Cream အဖြစ် သတ်မှတ်ခံထားရတာပါ။ အဓိကပါဝင်ပစ္စည်းက Retinol ဖြစ်လို့ အသားအရေချောမွေ့ပြီး အရေးအကြောင်း ပျောက်စေပါတယ်။ ဒါ့အပြင် Fragrance Free ဖြစ်ပါတယ်။

CeraVe Eye Repair Cream


အကောင်းဆုံး Drugstore Eye Cream ပါပဲ။ Niacinamide နဲ့ Hyaluronic Acid အဓိကပါဝင်လို့ အသားအရေချောမွေ့စေတယ်၊ ရေဓာတ်ပြည့်ဝပြီး မျက်ကွင်းညိုတာ သက်သာစေပါတယ်။ မျက်လုံးနားတစ်ဝိုက် အသားခြောက်တာလည်း သက်သာစေပါတယ်။ သူလည်း Fragrance Free ပါပဲ။

Olay Retinol 24 Max Night Eye Cream


မနက်ပိုင်းမှာ Eye Cream မလိမ်းဖြစ်ဘူး၊ ညပိုင်းအတွက်ပဲ အဓိကလိမ်းချင်တာဆိုတဲ့သူတွေအတွက် ညပိုင်းလိမ်းဖို့သီးသန့် အကောင်းဆုံး Drugstore Eye Cream ဖြစ်ပါတယ်။ Retinol, Niacinamide နဲ့ Glycerin အဓိကပါဝင်လို့ မျက်ကွင်းညိုတာ သက်သာစေတယ်၊ အရေးအကြောင်းတွေ လျော့ကျစေတယ်၊ မျက်လုံးနားတစ်ဝိုက် အသားခြောက်တာလည်း သက်သာစေပါတယ်။ သူလည်း Fragrance Free ပါ။

Neutrogena Hydro Boost Eye Cream


Best Drugstore Gel Eye Cream ဖြစ်ပါတယ်။ Glycerin နဲ့ Hyaluronic Acid အဓိကပါလို့ Hydrating သီးသန့်ပါ။ မျက်လုံးနားတစ်ဝိုက် အသားအရေ ခြောက်သွေ့နေရင် မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေ ဖြစ်လွယ်ပါတယ်။ သူက Hydrating သီးသန့်ဖြစ်လို့ ဒါမျိုးတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။ လိမ်းလိုက်ရင် အေးအေးလေးနဲ့ နေလို့ကောင်းပြီး Fragrance Free လည်း ဖြစ်ပါတယ်။

L’Oreal Paris Triple Power Eye Treatment


Retinol ပါလို့ မျက်လုံးနားတစ်ဝိုက် အသားအရေလျော့တွဲကျတာ၊ အရေးအကြောင်းပေါ်တာမျိုးတွေ သက်သာစေတဲ့ Eye Cream ဖြစ်ပါတယ်။ ဒါ့အပြင် Vitamin C လည်းပါတဲ့အတွက် အသားအရေ Bright ဖြစ်စေလို့ မျက်ကွင်းညိုတာ သက်သာစေတယ်။ Hyaluronic Acid ကလည်း ပါတဲ့အတွက် အသားခြောက်တာ သက်သာစေတယ်၊ ရေဓာတ်ဖြည့်ပေးပါတယ်။ ဒါလည်း Fragrance Free ပါပဲ။


#အသားအရေ
#မျက်လုံး
#မျက်ကွင်း
#ရေဓာတ်
#Cream

Some text some message..