ခြေသလုံး ပြောင်ပြောင်ချောချော စိုစိုပြေပြေလေးရအောင် အမွှေးရှင်းနည်း
mystylemyanmar.com
|
2023-02-03

သင်က ခြေသလုံးပေါ်က အမွှေးတွေကို ရှင်းတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ ရှင်းလေ့ရှိလဲ။ ဖယောင်းနဲ့လား၊ အမွှေးချွတ်ဆေးနဲ့လား ဒါမှမဟုတ် ဘရိတ်ဓားနဲ့ ရှင်းလေ့ရှိလား။ တချို့မိန်းကလေးတွေက ထူးထူးခြားခြား ခြေသလုံးမှာ အမွှေး များတတ်ပါတယ်။ အမွှေးအရှည်လွယ်တဲ့ ပျိုမေတို့အဖို့ Waxing နည်းလမ်းက အကုန်အကျ များတတ်ပါတယ်။ ခြေသလုံးအတွက် သင့်တော်တဲ့ နည်းလမ်းတစ်ခုကတော့ Shaving လုပ်တာပါ။ Shaving က ခြေသလုံးအတွက် အကုန်အကျမများဘဲ အမွှေးကင်းစင်စေမယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမွှေးကျွတ်နာ မဖြစ်ဘဲ ခြေသလုံး အမြဲ ပြောင်ပြောင်ရှင်းရှင်း စိုစိုပြေပြေလေး လှနေစေမယ့် အမွှေးရိတ်နည်းကို ဖော်ပြပါရစေ။

၁။ Men’s Razor ကို သုံးပါ


အမျိုးသားသုံး အမွှေးရိတ်ဓားတွေက ခြေသလုံးမွှေးရိတ်တဲ့အခါ ရှတာ မဖြစ်စေသလို အလွယ်တကူလည်း အမွှေးရှင်းသွားစေပါတယ်။ ဘရိတ်ဓားနဲ့ အမွှေးရိတ်တာထက် Men’s Razor က ပိုသင့်တော်ပါတယ်။

၂။ ခြေထောက်ကို Exfoliate လုပ်ပေးပါ


ခြေသလုံးမွှေး မရိတ်ခင် အရင်ဆုံး လုပ်သင့်တာက Body Scrub နဲ့ Exfoliate လုပ်ပေးတာပါ။ မလုပ်ရင်တော့ အမွှေးကျွတ်နာတွေ ဖြစ်နိုင်သလို အသားအရေကြမ်းနိုင်ပါတယ်။ Exfoliate လုပ်လိုက်ရင်တော့ အသားအရေ ပိုချောမွေ့သွားစေပြီး အမွှေးရိတ်ရ ပိုလွယ်စေပါတယ်။ ဒါ့အပြင် Body Scrub ကို သကြားနဲ့ တခြား ဆီတစ်မျိုး ရောကာ ဖန်တီးနိုင်ပါသေးတယ်။

၃။ ရိတ်တဲ့အခါ


အမွှေးရိတ်တယ်ဆိုလို့ Shaving Cream တွေ သီးသန့် ဝယ်စရာမလိုပါဘူး။ Scrub နဲ့ Exfoliate လုပ်ပြီးနောက် အမွှေးရိတ်တဲ့အခါ ချောမွေ့စေဖို့ Baby Oil Gel တွေ ဒါမှမဟုတ် Cocoa Vaseline Gel တို့ကို သုံးနိုင်ပါတယ်။ ဒီ Oil တွေက သင့်အသားအရေအတွက်လည်း အကျိုးရှိပါတယ်။ တကယ်လို့ Oil မသုံးဖြစ်ရင် ဆံပင်ပျော့ဆေး Conditioner ကို သုံးနိုင်ပါတယ်။

၄။ လိုးရှင်း လိမ်းပေးပါ


အမွှေးရိတ်ပြီး နေ့တွေမှာ အသားအရေ ချောမွေ့စေဖို့ Body Lotion ဒါမှမဟုတ် အစိုဓာတ် ထိန်းခရင်တွေကို လိမ်းပေးသင့်ပါတယ်။ အမွှေးရိတ်ပြီးနောက် အသားအရေ ခြောက်သွေ့တတ်တာကြောင့် Lotion အဆင့်ကို မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar


#ပျိုမေ
#ခြေသလုံး
#BodyLotion
#အစိုဓာတ်
#ShavingCream

Some text some message..