ဗောက်ထနေတဲ့ ဆံပင်ပေါ် ဗောက်ဖက်တွေ မမြင်ရအောင် ဆံပင်စည်းနည်း (၆) မျိုး
mystylemyanmar.com
|
2023-02-08

ဆံပင်ဦးရေပြားပေါ် ဗောက်တွေ မြင်နေရတာက ရှက်စရာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက တစ်ကိုယ်ရေ သန့်ရှင်းရေး မရှိတာကြောင့် ဖြစ်တာ မဟုတ်ပါဘူး။
သင်က ဦးရေပြားပေါ်မှာ ခေါင်းကုတ်လိုက်တာနဲ့ ပေါ်လာတတ်တဲ့ ဗောက်တွေကို မမြင်စေချင်ရင်တော့ ဆံပင်စည်းနည်းတွေကို သိထားသင့်ပါတယ်​။ ဒီတော့ ဗောက်ပျောက်အောင် ကြိုးစားနေဆဲ အချိန်မှာပဲ ဗောက်မရှိတဲ့ Healthy Hair ပုံစံလိုချင်ရင် ဒီနည်းလမ်းတွေ အတိုင်းစည်းနိုင်ပါတယ်။

ဆံထုံး


ဦးရေပြားပေါ် ဗောက်တွေ မမြင်ရဖို့ ဆံပင် အမြင့်ထုံးနိုင်ပါတယ်။ ကျနေတဲ့ ဆံပင်တွေက ဗောက်ကို ဖုံးနိုင်ပါတယ်​။ ဒါ့အပြင် ခေါင်းမလျှော်ရတာ ကြာတဲ့ ဆံပင်အတွက် ဆံထုံး စတိုင်က အသင့်တော်ဆုံးပါပဲ။

ဆံပင်လှိုင်းကောက်


လှိုင်းကောက် ဆံပင်ပုံစံက ဗောက်ကို ဖုံးနိုင်ပါတယ်။ ဗောက်က လှိုင်းအကောက်လေးတွေကြားထဲ ရောက်သွားပါလိမ့်မယ်။

ဆံပင်ဂုတ်ဝဲ


သင်က ဆံပင်ကောက်ဖို့အထိ ဆံပင်မရှည်ရင် ဆံပင်အတိုကို လှိုင်းကောက် ဂုတ်ဝဲ ထားနိုင်ပါတယ်။ လှိုင်းကောက် ဂုတ်ဝဲပုံစံက မျက်နှာကို ပိုသွယ်စေသလို ဆံပင်တို ထားတဲ့ ပျိုမေတို့အတွက်လည်း သင့်တော်ပါတယ်။

ဆံပင်တစ်ဝက်စည်း


တစ်ဝက်စည်း ဆံပင်ကိုမှ ဆံပင်ခွဲကြောင်း ပြောင်းခွဲလိုက်တာက ဗောက်တွေကို မမြင်ရစေတော့ပါဘူး။ ဆံပင် ကို ဆံကြောင်းခွဲလိုက်တဲ့အခါ ဗောက်မမြင်ရစေသလို မျက်နှာပုံစံကိုပါ ပြောင်းလဲစေပါတယ်။ သင်က ဗောက်ကို မမြင်အောင် လှည့်စားရာ ရောက်သလို ပိုလှတဲ့ ပုံစံလေးပါ ရနိုင်ပါသေးတယ်။

ခပ်ပြေပြေလေး ကျစ်ဆံမြီးကျစ်တာ


ကျစ်ဆံမြီးဆံပင် စတိုင် ပြေပြေလေးက ဗောက်တွေ ပခုံးပေါ်ကျတာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကျစ်ဆံမြီးဆံပင်က သင့်ပုံစံကို ယဉ်ယဉ်လေးနဲ့ ချစ်ဖို့ကောင်းနေစေမှာပါ။

ဆံပင်စည်းတာ


ဆံပင်ကို အမြင့် ဒါမှမဟုတ် အနိမ့် စည်းတာက ဗောက်တွေကို ကွယ်ပစ်သလို ဖြစ်စေပါတယ်။ ဆံပင် စတိုင်ကြောင့် သင့်မျက်နှာလည်း ရှင်းလင်းသွားကာ နေရတာ ပေါ့ပေါ့ပါးပါး ဖြစ်နေပါလိမ့်မယ်။

Photo Source: Pinterest
By MyStyle Myanmar


#သန့်ရှင်းရေး
#မျက်နှာ
#ဦးရေပြား
#ဆံထုံး
#ကျစ်ဆံမြီး

Some text some message..