လူငယ်မိန်းကလေးတွေအတွက် အသားဆောင်ပြီး ချစ်ဖို့ကောင်းတဲ့ Jelly Nail လက်သည်းဒီဇိုင်းများ
mystylemyanmar.com
|
2023-02-20
မင်္ဂလာပါ ပျိုမေတို့ရေ။ Jelly လက်သည်းနီ ဒီဇိုင်းဆိုတာကတော့ ဥပမာပေးရရင် နှုတ်ခမ်းအတွက် Lip Gloss ဆိုးသလိုပါပဲနော်။ ကြည့်လိုက်တာနဲ့ လက်သည်းတွေကို အပေါ်က Gloss အလွှာတစ်ထပ်အုပ်ထားသလို အရောင်ပြောင်လဲ့လဲ့တောက်နေစေမယ့် ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ဒီလိုဒီဇိုင်းလေးက လက်သည်းလေးလင်းပြီး အသားဆောင်စေတဲ့အပြင် လက်သည်းအတို၊ အရှည်မရွေးလည်း လိုက်ဖက်နေတတ်ပါတယ်။
ပုံဖော်လို့လွယ်တာမို့ လတ်တလော နာမည်ကြီး Cele တွေ ဆိုးတတ်ကြတဲ့ ဒီဇိုင်းလေးဆိုရင်လည်း မမှားပါဘူး။ အရောင်နုလေးတွေဖြစ်လို့ မျက်စိအေးတဲ့အပြင် မြင်သမျှလူတိုင်းကို ဆိုးချင်လာအောင် ဆွဲဆောင်နိုင်မယ့် ဒီဇိုင်းတွေဖြစ်တာမို့ စိတ်ဝင်စားတဲ့ ပျိုမေတို့အတွက် ချစ်စရာကောင်းတဲ့ Jelly Nail အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခရမ်းရောင် ဒီဇိုင်းလေး
ကြည်ကြည်စိုစို Clear Nail ပုံစံလေး
အမြင်အေးတဲ့ အပြာရောင်လေးတွေ
အရောင်ငြိမ်တဲ့ နီညို၊ Peach ဒီဇိုင်းလေးတွေ
ချစ်စရာ ပန်းရောင်ဒီဇိုင်းတွေ
Glitter ပါတဲ့ရောင်စုံလေးတွေ
လက်သည်းအရှည်လေးနဲ့လိုက်တဲ့ အနီရောင်ဒီဇိုင်းလေး
French Tip ပါတဲ့ ဒီဇိုင်းလေးတွေ
Photo Source: Pinterest
By MyStyle Myanmar
#အပြာရောင်
#ပျိုမေ
#လက်သည်း
#ဒီဇိုင်း
#JellyNail
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ