ဆံပင်တို ကောင်မလေးတွေ နွေရာသီမှာ ပေါ့ပေါ့ပါးပါး လိုက်ဝတ်နိုင်မယ့် Wendy ရဲ့ ဖက်ရှင်များ
mystylemyanmar.com
|
2023-02-26

Red Velvet အဖွဲ့ဝင် Wendy က လက်ရှိမှာ Red Velvet အဖွဲ့အပြင် Girls on Top (Got the Beat) ဆိုတဲ့ အဖွဲ့နဲ့ပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ သူမကတော့ ခန္ဓာကိုယ် ပြည့်ပြည့်လေးကနေ ပိန်အောင် လုပ်နိုင်ပြီး ပျိုမေတို့ အားကျချင်စရာ ခန္ဓာကိုယ်မျိုး ရအောင် ကြိုးစားနိုင်သူ အဖြစ် ပျိုမေတို့ သိကြမှာပါ။ ဒါ့အပြင် သင်က Red Velvet အဖွဲ့ရဲ့ ပရိတ်သတ်ဆိုရင် Wendy ရဲ့ ဆံပင်စတိုင်ကို သိကြမှာပါ။ Wendy က အခုနောက်ပိုင်း ဆံပင်တိုတိုလေးပဲ ထားလေ့ရှိကာ ဒီစတိုင်ကပဲ သူမကို ပိုလှနေစေပါတယ်။ ဒါ့အပြင် Wendy က ဆံပင်တိုနဲ့ လိုက်ဖက်အောင် ပေါ့ပေါ့ပါးပါးလည်း ဝတ်ဆင်တတ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဆံပင်တိုညှပ်ထားတဲ့ လူငယ်မိန်းကလေးတွေ လိုက်ဝတ်နိုင်မယ့် Wendy ရဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်တွေကို ကြည့်လိုက်ရအောင်-

Wendy က တီရှပ်အင်္ကျီ Crop နဲ့ ဘောင်းဘီအပွကို အဝတ်များပါတယ်။


တီရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်တာကလည်း လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။


Wendy က Hoodie အပွနဲ့ ဘောင်းဘီအပွကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပါတယ်။


တီရှပ်အင်္ကျီ အနက်နဲ့ အတူ စမတ်ကျကျ ခါးပတ်လေးပါ တွဲထားပါသေးတယ်။ ဘောင်းဘီအရောင်က အဖျော့လေး ဖြစ်တာမို့ နွေရာသီနဲ့ အဆင်ပြေမှာပါ။


Sweater Vest ကို ဘောင်းဘီအပွနဲ့ အထာကျကျ ဝတ်ဆင်ထားတဲ့ Wendy


စကပ်နဲ့ အင်္ကျီအတွဲအစပ်က ရိုးတယ်ထင်ရင် အပေါ်က Waistcoat တွဲနိုင်ပါတယ်။


ပေါ့ပေါ့ပါးပါး စတိုင်လေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ Wendy


အရောင်ဖျော့ဖျော့လေးတွေက ပူအိုက်တဲ့ ရာသီနဲ့ လိုက်ဖက်ပါတယ်။ သင့်အနေနဲ့ Wendy ရဲ့ စတိုင်ကို Inspire ယူနိုင်ပါတယ်။


Jean စကပ်တိုနဲ့အတူ အဖြူရောင်အင်္ကျီက ကြည့်လိုက်ရုံနဲ့တင် အမြင်အေးစေပါတယ်။


အပြင်ထပ်နဲ့ Blouse တွဲပါတဲ့ အင်္ကျီလေးကို ဂျင်းဘောင်းဘီအတိုနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ပါတယ်။


နွေရာသီနဲ့ လိုက်ဖက်ပြီး လူငယ်ဆန်တဲ့ ဖက်ရှင်


Blouse အင်္ကျီလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ Wendy ကို တွေ့ရမှာပါ။


Photo Source: Pinterest

By MyStyle Myanmar


#ဖက်ရှင်
#ရှပ်အင်္ကျီ
#ဆံပင်တို
#ဘောင်းဘီ
#Wendy

Some text some message..