လက်ဖဝါးကြမ်းတာသက်သာပြီး နူးညံ့လာစေဖို့ အကောင်းဆုံး Hand Cream များ
mystylemyanmar.com
|
2023-02-28

တော်တော်များများက Skincare ကို မျက်နှာလည်းလုပ်တယ်၊ Body လည်းလုပ်တယ်၊ ဒါပေမယ့် လက်ဖဝါး၊ လက်ဖမိုးလေးတွေကိုတော့ Care ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ကြာလာတော့ လက်ဖဝါးအသားအရေက ခြောက်သွေ့ပြီး ကြမ်းလာပါတယ်။ တကယ်တော့ လက်အတွက်လည်း Hand Cream ပုံမှန်လိမ်းပေးသင့်ပါတယ်။ ဒီတော့ လက်ဖဝါးကြမ်းနေတဲ့သူတွေအတွက် လက်ဖဝါးကြမ်းတာ သက်သာပြီး နူးညံ့လာစေဖို့ အကောင်းဆုံး Hand Cream တွေကို မျှဝေပေးလိုက်ပါတယ်။

Kiehl’s Ultimate Strength Hand Salve


Shea Butter, Sesame Seed Oil နဲ့ ထောပတ်သီး အဓိကပါဝင်လို့ လက်အသားအရေ ကြမ်းတမ်းခြောက်သွေ့တာတွေ သက်သာစေပြီး လက်အသားအရေ နူးညံ့ချော့မွေ့လာစေပါတယ်။

Neutrogena Norwegian Formula Dry Hand Cream


ဈေးသင့်တင့်တဲ့ Drugstore Brand ထဲက ကောင်းကောင်းလေး သုံးချင်တယ်ဆိုရင်တော့ Neutrogena Norwegian Formula Dry Hand Cream ရှိပါတယ်။ Fragrance-free ဖြစ်ပြီး လက်အသားအရေ နူးညံ့ချော့မွေ့လာအောင် ကူညီပေးပါတယ်။

CeraVe Therapeutic Hand Cream


Hyaluronic Acid နဲ့ Niacinamide အဓိကပါဝင်လို့ လက်ဖဝါးနဲ့ လက်ဖမိုးအသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အသားအရေ နူးညံ့လာစေပါတယ်။ လိမ်းထားရင် စေးကပ်တာမျိုးလည်း လုံးဝမဖြစ်စေပါဘူး။

Burt’s Bees Hemp Hand Cream


အနံ့ကောင်းလို့ လူကြိုက်များတဲ့ Hand Cream ဖြစ်ပါတယ်။ Vitamin E နဲ့ Jojoba Oil အဓိကပါလို့ အသားအရေခြောက်သွေ့တာ သက်သာစေပြီး အသားအရေနူးညံ့လာစေပါတယ်။

Vaseline Intensive Care Healthy Hands Stronger Nails Lotion


Vaseline Fan တွေ အကြိုက်တွေ့မယ့် Hand Lotion ဖြစ်ပါတယ်။ လက်အသားအရေ နူးညံ့ချောမွေ့စေပြီး လက်သည်း Strong ဖြစ်လာဖို့ပါ အထောက်အကူဖြစ်ပါတယ်။ လက်ဖဝါးအသားအရေ ခြောက်သွေ့ကြမ်းတမ်းပြီး လက်သည်းလည်း ကျိုးပဲ့လွယ်တယ်ဆိုတဲ့ သူတွေနဲ့ အသင့်တော်ဆုံးပါပဲ။


#ထောပတ်သီး
#Lotion
#Vaseline
#VitaminE
#HandCream

Some text some message..