ဂျင်းစကပ်အရှည်လေးတွေနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်စတိုင်လ်များ
mystylemyanmar.com
|
2023-02-28

နောက်ပိုင်းမှာ ဂျင်းစကပ်အရှည်လေးတွေ ဝတ်တာကလည်း အရမ်းကို ခေတ်စားလာအုံးမှာပါ။ ဂျင်းစကပ်ကတော့ ဖက်ရှင်တော်တော်များများနဲ့ လိုက်ဖက်တာပါပဲ။ အထူးသဖြင့် Cute Type ကြိုက်တဲ့ ကောင်မလေးတွေအတွက် ဂျင်းစကပ်အရှည်လေးတွေနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။

ကြိုးတစ်လုံး Top လေးတွေကို ဂျင်းစကပ်အရှည်လေးတွေနဲ့ တွဲဝတ်ပြီး Sneakers လေးစီးလိုက်မယ်ဆိုရင်တော့ လူငယ်ဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။


ဂျင်းစကပ်အရှည်ကို ရိုးရိုး Crop Top လေးတွေနဲ့ တွဲဝတ်လည်း ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။


အရမ်းကလေးဆန်တာမျိုး မကြိုက်ဘူးဆိုရင် ဂျင်းစကပ်အရှည်ကို Top အဖြူလှလှလေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။



မိန်းကလေးဆန်ပြီးလှတဲ့ အင်္ကျီလေးတွေကို ဂျင်းစကပ်အရှည်နဲ့ တွဲဝတ်မယ်ဆိုရင် Sneakers ပဲစီးစီး၊ ဒေါက်ဖိနပ်ပဲစီးစီး လိုက်ဖက်ပြီးတော့ လှပနေမှာပါ။


ချစ်စရာကောင်းတဲ့ ဒီလိုအင်္ကျီလက်ရှည်လေးတွေကို ဂျင်းစကပ်အရှည်နဲ့ တွဲဝတ်တာမျိုးကတော့ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်စတိုင်လ်လေးပါ။


ရာသီဥတုအေးတဲ့အချိန်မှာဆိုရင်တော့ ဂျင်းစကပ်အရှည်ကို Hoodie လေးနဲ့သာ တွဲဝတ်လိုက်ပါ။


ပေါ့ပါးလွတ်လပ်ပြီး ကိုရီးယားဆန်ဆန်နဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးဆိုရင်တော့ ဂျင်းစကပ်အရှည်ကို ဒီလိုလေးတွဲဖက်ဝတ်ဆင်ကြည့်ပါ။


ဂျင်းစကပ်အရှည်ကို ဒီလို Cardigan ဝမ်းဆက်လေးနဲ့ တွဲဝတ်တာကလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။


ဂျင်းစကပ်အရှည်ကို ရှပ်င်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်ပြီး Sneakers လေးစီးတာမျိုးကတော့ ကိုရီးယားဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။


ဂျင်းစကပ်အရှည်ကို ဘာနဲ့တွဲဝတ်ရမလဲ၊ ဘယ်လိုအရောင်နဲ့ တွဲဝတ်ရမလဲဆိုတာကို ခေါင်းရှုပ်ခံပြီး မစဉ်းစားချင်ရင် အင်္ကျီအဖြူလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။


Photo source:www.pinterest.com


#ဖက်ရှင်
#စကပ်အရှည်
#CropTop
#Sneakers
#Cardigan

Some text some message..