Insta Girl လေးရဲ့ ပို့စ်ပေးနည်းအိုင်ဒီယာများ
mystylemyanmar.com
|
2023-02-28

ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ ဘယ်လိုပို့စ်ပေးရမလဲ၊ ဘယ်လိုနေရမလဲဆိုတာတွေကို တကူးတက စဉ်းစားနေစရာမလိုအောင် Insta Girl လေးရဲ့ ပို့စ်ပေးနည်း အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

မတ်တပ်ရပ်ပြီးရိုက်တဲ့အခါမှာ ခြေထောက်ကို ဒီလိုလေးယှက်ပြီး ပို့စ်ပေးရင် အရပ်ပိုရှည်သလိုဖြစ်ပြီး ပိုလှသွားစေပါတယ်။


ထိုင်ခုံမှာ မိန်းကလေးဆန်ဆန်နဲ့ လှလှပပလေး ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးတွေက အရမ်းလှပါတယ်။



ကမ်းခြေမှာပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် ဒီလိုပုံလေးတစ်ပုံတော့ ရိုက်ခဲ့ပါ။ Portrait ရိုက်ရင် ပိုလှပါတယ်။


ချစ်စရာကောင်းတဲ့ ပို့စ်ပေးနည်းလေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။


Sexy ကျကျလေး ရိုက်ချင်တဲ့အခါမျိုးမှာ အသုံးဝင်မယ့် ပို့စ်ပေးနည်းလေးပါ။ Insta Pose လေးလည်း ဖြစ်ပါတယ်။


Insta Girl လေးတွေရိုက်နေကျ ပို့စ်ပေးနည်းလေးတွေပါ။ ဖက်ရှင်ကျကျလေး ဝတ်ထားတဲ့အခါမှာ ရိုက်လို့အကောင်းဆုံးပါပဲ။ ဒီပို့စ်လေးမှာဆို ဖက်ရှင်က အသက်ပါပဲ။



ထိုင်ပြီးရိုက်တဲ့အခါမှာ ဒီပို့စ်လေးတွေကလည်း ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။ Insta Girl လေးဖြစ်နေစေမယ့် ပို့စ်လေးတွေပါ။



ဒီပို့စ်လေးအတိုင်းရိုက်မယ်ဆိုရင် ရိုက်ပေးတဲ့သူက အပေါ်စီးကနေ သေချာလေးရိုက်ပေးဖို့ လိုပါတယ်။ ဒီပုံလေးကျ ရိုက်ပေးတဲ့သူနဲ့ ဆိုင်ပါတယ်။


လှေကားမှာထိုင်ရိုက်တာတောင်မှ အထာကျပြီး လှနေစေမယ့် ပို့စ်ပေးနည်းလေးပါ။ မျက်နှာထားနဲ့ ထိုင်တဲ့ပုံစံလေးက အသက်ပါပဲ။


Photo source:www.pinterest.com


#ဖက်ရှင်
#ခြေထောက်
#အရပ်
#မျက်နှာ
#ပို့စ်ပေးနည်း

Some text some message..