ပျိုမေတို့ ဆောင်းအကုန်နွေအကူးကာလမှာ ပြောင်းလဲသင့်တဲ့ အသားအရေထိန်းသိမ်းနည်း
mystylemyanmar.com
|
2023-03-03

မင်္ဂလာပါနော်။ ရာသီအပြောင်းအလဲပေါ်မူတည်ပြီး Skin ပြဿနာတွေကလည်း မတူတာမို့ သင့်အနေနဲ့ မှန်ကန်တဲ့ Skincare နည်းတွေသိထားတာ အကောင်းဆုံးပါပဲနော်။ ဥပမာ ဆောင်းတွင်းလို အေးပြီး အသားခြောက်လွယ်တဲ့ရာသီမှာ Skin အစိုဓာတ်ဖြည့်ဖို့က အရေးကြီးပေမယ့် ပူပြင်းတဲ့ နွေဦးကို ရောက်လာချိန်မှာတော့ အသားအရေအတွက် နေလောင်ဒဏ်ကာကွယ်မယ့် Skincare တွေကို ပိုပြီးရွေးချယ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆောင်းအကုန် နွေအကူးရာသီရောက်တဲ့အချိန် ပြောင်းလဲလုပ်ပေးသင့်တဲ့ Skincare နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Moisturizer အတွက် Lightweight ဖြစ်တာကိုရွေးချယ်ပါ



အသားအရေအစိုဓာတ်အတွက် Moisturizer ကို ရာသီမရွေးလိမ်းဖို့လိုပါတယ်။ ဒီလိုရာသီဥတုပူလာတဲ့ အချိန်မှာတော့ လိမ်းရတာထူတဲ့ Cream တွေထက် Gel Type လိုပေါ့ပေါ့ပါးပါးဖြစ်တာမျိုးကို ရွေးသုံးပေးပါ။ ဒါမှ ချွေးနဲ့ ဆဲလ်သေတွေပိတ်မိပြီး ဝက်ခြံ မ ထွက်မှာပါ။ Hyaluronic Acid လိုအစိုဓာတ်ဖြည့်ပစ္စည်းတွေ ပါဝင်တဲ့ Moisturizer တွေသုံးပေးသင့်ပါတယ်။

Exfoliate ပုံမှန်လုပ်ပေးပါ



ချွေးနဲ့အတူ အရေပြားပေါ်က ဖုန်၊ အညစ်အကြေးနဲ့ ဆဲလ်သေတွေရောပြီး ကျန်နေတတ်တဲ့ ကာလဖြစ်လို့ နောက်ဆက်တွဲ ချွေးပေါက်မပိတ်အောင် ချေးချွတ်ပြီး ဆဲလ်သေဖယ်ရှားတဲ့ Exfoliate အဆင့်ကို မဖြစ်မနေလုပ်ပေးဖို့ မမေ့ပါနဲ့။ ဘေးထွက်ဆိုးကျိုးနည်းဖို့ သဘာဝအသီး ပါဝင်ပစ္စည်းတွေနဲ့လုပ်ထားတဲ့ ချေးချွတ်နည်းတွေကို သုံးပေးပါ။

SPF များတဲ့ Sunscreen သုံးဖို့အရေးကြီးပါတယ်



နေပြင်းလာတဲ့ရာသီမှာ Sunscreen နေ့တိုင်းသုံးဖို့ အရမ်းအရေးကြီးပါတယ်။ SPF ပါဝင်မှုအနည်းဆုံး ၄၀ ရှိတဲ့ Sunscreen တွေသုံးပေးပါ။ အပြင်သွားပြီး နေပူခံရတဲ့နေ့တွေမှာ Sunscreen ကိုသုံးနာရီခြားတစ်ကြိမ်လောက် ဖြည့်လိမ်းပေးပါ။

ညပိုင်းတစ်ကြိမ်လောက် Retinol သုံးကြည့်ပါ



နွေရာသီရဲ့ နေအပူက မျက်နှာမှာ အရေးအကြောင်းထွက်လွယ်ပါတယ်။ Retinol က အရေးအကြောင်းတွေ သက်သာပြီး မျက်နှာချေးသန့်စင်ပေးသလို ကော်လဂျင်ထုတ်လုပ်မှုလည်းမြင့်စေတာမို့ အဓိကအနေနဲ့ ကော်လဂျင်ဓာတ်နည်းလာတဲ့ အသက် ၂၅ နောက်ပိုင်းအရွယ်မှာ Retinol ကို စသုံးပေးပါ။ အချို့ Retinol ပစ္စည်းတွေက အာနိသင်ပြင်းတာမို့ ညပိုင်းတစ်ကြိမ်လောက် သုံးတာမျိုးလုပ်နိုင်ပါတယ်။

မိတ်ကပ်လိမ်းပြီး သေချာသန့်စင်ပါ



ပူတဲ့ရာသီ မိတ်ကပ်လိမ်းတဲ့အခါ Foundation ထူထူကို အတတ်နိုင်ဆုံးရှောင်ပေးပါနော်။ လိမ်းထားတဲ့ မိတ်ကပ်ကို သေချာစင်အောင်ဖျက်ဖို့လည်း မမေ့ပါနဲ့။ မိတ်ကပ်ဖျက်တဲ့အခါ Micellar Water နဲ့ Cleanser အပျော့တွေသုံးပေးပါ။ မိတ်ကပ်သန့်စင်ပြီးနောက် ချွေးပေါက်ပွင့်ပြီး မျက်နှာလေး Glow နေဖို့ Hydrating Mask တွေနဲ့ပါ ပေါင်းတင်ပေးရင် ပိုကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#အသားအရေ
#အစိုဓာတ်
#မိတ်ကပ်
#sunscreen
#HydratingMask

Some text some message..