ဘဲဥပုံ မျက်နှာကျ ပိုင်ရှင်လေးတွေနဲ့ လိုက်ဖက်မယ့် ဆံပင်စတိုင် (၇) မျိုး
mystylemyanmar.com
|
2023-03-05

ဘဲဥပုံ မျက်နှာကျ ရှိတဲ့ ပျိုမေတို့အတွက် ရွေးချယ်စရာ ဆံပင်စတိုင်တွေ အများအပြား ရှိပေမယ့် တစ်မျိုးက နောက်တစ်မျိုးထက် ပိုလိုက်သွားတာကို ဆံပင်ပုံစံ ပြောင်းလဲဖူးတဲ့ ပျိုမေတို့ နားလည်မှာပါ။ ရွေးစရာများသူတွေအတွက် တစ်ခါတလေ ဆံပင်စတိုင် ရွေးချယ်ရတာက ပိုခက်ခဲတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သင်နဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်ကို သိထားတာက အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာတော့ ဘဲဥပုံစံ မျက်နှာကျရှိတဲ့ သင်စိတ်ကြိုက်ရွေးနိုင်ဖို့ရာ အလ်ိုက်ဖက်ဆုံး ဖြစ်မယ့် ဆံပင်စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။

Side Swept Bangs


Side Swept Bangs တွေက ရှည်နေတဲ့ ဘဲဥပုံစံ မျက်နှာကျကို ဟန်ချက်ညီစေပြီး မျက်နှာပိုလှသွားစေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။

Long Layers


အထပ်ကေ ဆံပင်စတိုင်က ဘဲဥပုံ မျက်နှာကျ ပျိုမေတို့နဲ့ လိုက်ဖက်တဲ့ စတိုင် ဖြစ်ပါတယ်။ ဆံပင်အတိထက် အလွှာနဲ့သွားတဲ့ စတိုင်ကို Oval Shape ပိုင်ရှင်တွေ ရွေးသင့်ပါတယ်။

Shoulder Length Bobs


ဂုတ်ထောက်ဆံပင်စတိုင်ကို ဆံပင်အရှည် မထားချင်တဲ့ ပျိုမေတို့ ရွေးချယ်သင့်ပြီး ဆံပင်အရှည်ဘက် သွားတာမို့ Oval Shape တွေနဲ့ ပိုလိုက်ပါတယ်။

Beach Waves


ပြေပြေလေး ကောက်နေတဲ့ ဆံပင်စတိုင်ကို Oval Shape ရှိတဲ့ ပျိုမေတို့ ရွေးချယ်သင့်ပါတယ်။

Short Pixies


သင်က လုံးဝ ဆံပင်အတို ညှပ်ချင်ရင် Short Pixies စတိုင်ကို ရွေးသင့်ပါတယ်။

Short Bobs


ဘဲဥပုံစံရှိတဲ့ မျက်နှာပိုင်ရှင်တွေက မျက်နှာ ကျယ်တာထက် ရှည်တဲ့ဘက် ပိုသွားပါတယ်။ ဒါကြောင့် မျက်နှာရှည်တာကို Balance ဖြစ်သွားဖို့ Short Bobs Hairstyle က ကူညီပေးနိုင်ပါတယ်။

Blunt Fringe


သင်က ဆံမြိတ်ချချင်ရင် ဂျပန်မလေးတွေ ညှပ်လေ့ရှိသင့်တဲ့ Blunt Fringe စတိုင်ကို ရွေးနိုင်ပါတယ်။

သင်က ဒီထဲ ဘယ်ဆံပင်စတိုင်လေးကို စိတ်ထဲ သဘောကျနေမိလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar


#မျက်နှာ
#ပျိုမေ
#ဆံပင်စတိုင်
#Shape
#Bang

Some text some message..