မျက်မှန်တပ်လိုက်မှ ပိုလှသွားတာမျိုး ဖြစ်ဖို့ ကိုယ့်မျက်နှာကျအလိုက် လိုက်ဖက်တဲ့ မျက်မှန်ပုံစံများ
mystylemyanmar.com
|
2023-03-09

လူတစ်ယောက်နဲ့ တစ်ယောက်က မျက်နှာကျ၊ မျက်နှာပုံစံ မတူတာကြောင့် ဒီစတိုင်က ဒီလူနဲ့ လိုက်ပေမယ့် ကိုယ်ဝတ်ကြည့်လိုက်ရင် မလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူများနဲ့ လိုက်တာကို ကြည့်သင့်သလို ကိုယ်နဲ့ လိုက်မလိုက်ပါ ဝေဖန်ပိုင်းခြားတတ်သင့်ပါတယ်။ ဒီလိုမှ သင်က သူများထက် ထူးခြားကာ ပိုလှနိုင်မှာပါ။

ရာသီဥတု ပူလာတဲ့အချိန် လိုလာတဲ့ ဖက်ရှင် ပစ္စည်းတစ်မျိုးက မျက်မှန်ပါ။ နေကာ မျက်မှန်က သင့်အသားအရေနဲ့ မျက်လုံးအတွက် အင်မတန် အထောက်အကူ ပြုပါတယ်။ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်မှန်စတိုင်ကို သိမယ်ဆိုရင် နောက်တစ်ခေါက်မျက်မှန် ဝယ်တဲ့အခါ ပိုလွယ်ကူသွားပါလိမ့်မယ်။ ဒီတော့ ကိုယ့်မျက်နှာကျ ပုံစံကို သိပြီဆိုရင် အောက်ဖော်ပြပါ အကြောင်းအရာတွေကို ဆက်ကြည့်နိုင်ပါပြီ။

ဘဲဥပုံစံ မျက်နှာကျ ပိုင်ရှင်


ဘဲဥ Oval Shape မျက်နှာပိုင်ရှင်တွေက မျက်မှန်တိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ပိုလိုက်တဲ့ မျက်နှာပုံစံတွေကတော့ မျက်မှန်အဝိုင်း၊ လေးထောင့် မျက်မှန်နဲ့ Aviators မျက်မှန်တွေ ဖြစ်ပါတယ်။




မျက်နှာရှည်တဲ့ ပျိုမေတို့အတွက်


သင်က မျက်နှာကျ ရှည်မြောမြော ရှိသူဆိုရင် လိုက်ဖက်တဲ့ မျက်မှန်စတိုင်တွေကတော့- ထောင့်မြင့်တဲ့ Chunky Style တွေ၊ Cat Eye Sunglasses တွေ၊ Aviators တွေနဲ့ လိုက်ဖက်ပါတယ်။




မျက်နှာဝိုင်း ပိုင်ရှင်


သင်က မျက်နှာဝိုင်းဝိုင်းလေးဆိုရင်တော့ Wayfarer (အလျားလိုက် လေးထောင့်သွားတဲ့) မျက်မှန်စတိုင်၊ လေးထောင့်နဲ့ အောက်ဘက် ဝိုင်းသွားတဲ့ မျက်မှန်စတိုင်တွေနဲ့ လိုက်ဖက်မှာပါ။




Sqaure Face Shape


လေးထောင့် မျက်နှာကျ ပိုင်ရှင်တွေအနေနဲ့တော့ Cat Eye, Aviators နဲ့ မျက်မှန်အဝိုင်းတွေကို ရွေးချယ်သင့်ပါတယ်။




Heart Face Shape


သင်က အသည်းပုံ မျက်နှာလေးကို ပိုင်ဆိုင်တယ်ဆိုရင် Chunky with high Angles, Cat Eye နဲ့ Aviator မျက်မှန်တွေနဲ့ လိုက်ဖက်ပါလိမ့်မယ်။




Diamond Face Shape


မေးစေ့ချွန်သွားတဲ့ Diamond Face Shape ကို ပိုင်ဆိုင်သူဆိုရင်တော့ လေးထောင့် မျက်မှန်၊ Chunky with high Angles, မျက်မှန်အဝိုင်းတို့နဲ့ လိုက်ဖက်ပါလိမ့်မယ်။




Photo Source: Pinterest

By MyStyle Myanmar


#အသားအရေ
#မျက်နှာ
#မျက်မှန်
#Style
#Shape

Some text some message..