
ဝိတ်ချတယ်ဆိုတာအားကစားလှုပ်ရှားမှုက ခန္ဓာကိုယ်အတွက် ၃၀ % လောက်သာ အရေးပါပြီး အစားအသောက်က ၇၀% လောက်အရေးကြီးပါတယ်။ဒါကြောင့် ဝိတ်လျော့တယ်ဆိုတာက အစားကနေ လျော့ကြရတာပါ။ သင်က ဝိတ်ချနေသူတစ်ယောက်ဆိုရင်Diet ကို ဘယ်လိုလုပ်မလဲ? ဘယ်လိုမျိုး အစားအသောက်တွေက ခန္ဓာကိုယ်အတွက် ပိုပြီး အဆီပိုတွေလျော့ချပေးနိုင်မလဲ ဆိုတာသိဖို့တော့ လိုပါတယ်။ ဒီတော့ ဝိတ်ချနေတဲ့သူတိုင်း ဒီလို ပုံစံမျိုးလေးတွေစားသောက်နေထိုင်ပေးသင့်ပါတယ်။

-မနက်စာ မစားဘဲ မနေပါနဲ့။
မနက်စာအငတ်ခံလိုက်မယ်ဆိုရင် ကိုယ်ခန္ဓာက ပိုဆာလောင်နေတတ်ပြီး နေ့လည်စာနဲ့ ညစာကို ပိုစား မိသွားတတ်ပါတယ်။အဲ့တော့ ဝိတ်မကျပဲ ပိုတက်နေမှာပါ။
-အသီး အရွက်တွေကို ဦးစားပေးပါ။
အသီးအရွက်ကကယ်လိုရီလည်း နည်းတယ်၊ အမျှင်ဓာတ်လည်း ကြွယ်ဝတော့ စားတိုင်းမှာ အသီးအရွက် ပါဖို့လိုပါတယ်။

-အဆီတွေကို ရှောင်ပါ။
ဆီတွေကအဝလွန်ခြင်းကိုဖြစ်စေနိုင်လို့ ဆီကို တတ်နိုင်သလောက်လျော့စားပေးပါ။
ဝိတ်ချနေတဲ့အတောအတွင်းမှာ
လက်ဖက်သုပ်စားလို့ရလား…. ?
ရပါတယ်။လက်ဖက်ကိုသုပ်စားတော့မယ်ဆိုရင် နှစ်ပြန်ကြော်ကို နဲနဲပဲထည့်ပြီး ဂေါ်ဖီ၊ ခရမ်းချဉ်သီးနဲ့ ပြောင်းဖူး တို့ ထည့်ပြီး ဆီနည်းနည်းလေးနဲ့ သုပ်စားလို့ရပါတယ်။

ရခိုင်မုန့်တီရောစားလို့ရလား…. ?
အရမ်းစားချင်ရင်ငါးပိ ငံပြာရည်လျော့ထည့်ပြီး ရခိုင်သုပ်လိုဆီမပါပဲ ခြောက်ခြောက်လေးလုပ်စားပါ။ ဆီချက်တို့ပဲကြော်တို့တော့ ရှောင်ဖို့လိုပါမယ်။
ငါးပိရည်စားလို့ရလား…. ?
ငါးပိကအငံဓာတ်မို့ အသားပွစေတယ် ဝိတ်တတ်တာလဲမြန်စေတယ်၊ ထမင်းကိုလည်း ပိုစားမိစေတာကြောင့် အရမ်းစားချင်ရင်ထမင်းထပ်မယူဖို့ခိုင်မာစွာဆုံးဖြတ်ပြီး အနည်းငယ်ထည့်စားပါ။
ဒါ့အပြင်Coffee သောက်မယ်ဆိုရင် Instant coffee ထုပ်တွေအစား Black coffee၊ ဟင်းအရည်သောက် ချက်မယ်ဆိုဆီသပ်ချက်ရတဲ့ ချဉ်ရည်ဟင်းတွေ အစား ဟင်းခါး၊ ကြက်ဥပြုတ် စားမယ်ဆိုရင်တောင် ပရိုတင်းပမာဏများပြီးကယ်လိုရီနည်းတဲ့ ကြက်ဉအကာ စတာတွေ စားပေးလို့ရပါတယ်။

ဝိတ်ချနေရင်းညစာ စားလို့ရလား ဆိုရင်တော့ .. ညပိုင်းမှာစားတဲ့ အစားအသောက်က အစာချေစနစ် ကို အနှောက်အယှက်ဖြစ်စေနိုင်ပြီးခန္ဓာကိုယ်မှာ အဆီပိုတွေလာစုတတ်ပါတယ်။ ဒါကြောင့် ဗိုက်ဆာအရမ်းဆာပြီး စားမှဖြစ်မယ့်သူတွေကညစာကို 3 လုပ်လောက်သာစားပေးသင့်ပါတယ်။

လူဆိုတာလည်းမစားရလေ ပိုစားချင်လေ၊ မရလေ ပိုလိုချင်လေမလား။ စားလို့ကောင်းမှန်းသိရက်သားနဲ့ စားခွင့်မရှိဘူးဆိုရင်ပိုစားချင်တတ်ပါတယ်။ ဒီတော့ ဝိတ်ချတဲ့သူတိုင်း အစားအရမ်းကြီးရှောင်တာ မဟုတ်ဘဲ မိမိကြိုက်တဲ့အစားအစာလေးတွေကိုလဲ ဘေးကင်းအောင်စားကြပါနော် …..