လက်သည်းရှည်ထားသူတွေအတွက် လက်သည်းထိပ်မှာဆိုးရတဲ့ French Tip Nail ဒီဇိုင်းများ
mystylemyanmar.com
|
2023-03-12
မင်္ဂလာပါ ပျိုမေတို့ရေ။ လက်သည်းအရှည်ထားရတာကြိုက်တဲ့ ပျိုမေတို့အတွက် French Tip Nail လို့ခေါ်တဲ့ လက်သည်းထိပ်လေးမှာပဲ ပုံဖော်ပေးရတဲ့ လက်သည်းနီဒီဇိုင်းလှလှလေးတွေကို မျှဝေပေးချင်ပါတယ်နော်။ ဒီလက်သည်းနီဒီဇိုင်းလေးရဲ့ ထူးခြားချက်က ရှည်နေတဲ့ထိပ်ပိုင်းကိုဆိုးရုံပဲမို့ ပုံဖော်ရလွယ်သလို လက်သည်းပေါ် အရောင်သိပ်မတင်ချင်တဲ့သူတွေအတွက်လည်း ဆိုးလို့အဆင်ပြေတာပါ။ အရောင်ငြိမ်ငြိမ်လေးမြင်ရတာမို့ ရုံးတက်ရတဲ့သူတွေ ပေါ့ပေ့ါပါးပါးဆိုးထားဖို့အတွက်လည်း အဆင်ပြေသလို ပွဲသွားပွဲလာအတွက်ပါ ဆိုးလို့လှတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ အသက်အရွယ်မရွေးလည်း လိုက်ဖက်စေမှာဖြစ်လို့ ဆိုးကြည့်ချင်တဲ့ပျိုမေတို့ Idea ယူနိုင်မယ့် French Tip လက်သည်းနီဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်တော့မှမရိုးတဲ့ Classic French Tip လေး
Outfit အရောင်တိုင်းနဲ့ လိုက်ဖက်နေမယ့် ရောင်စုံဒီဇိုင်းလေး
နှစ်ရောင်စပ်ဆိုးမယ့်သူတွေအတွက် အတွဲအစပ်ကာလာလေးတွေ
Glitter ဒီဇိုင်းလေးတွေ
ရွှေရောင်နဲ့ ငွေရောင်လေးတွေ
တိမ်လေးတွေပုံဖော်ထားတဲ့ ပန်းချီဒီဇိုင်းလေး
ရောင်ပြန်ပါတဲ့ အမိုက်စားအရောင်လေး
အရောင်နဲ့ Glitter စပ်ထားတဲ့ဒီဇိုင်းလေး
ပန်းလေးတွေပုံဖော်ထားတဲ့ ချစ်စရာဒီဇိုင်းလေး
ပုလဲနဲ့တူတဲ့ ဆင်စွယ်ရောင် ဒီဇိုင်းလေး
Photo Source: Pinterest
By MyStyle Myanmar
#လက်သည်းနီ
#လက်သည်းရှည်
#ပျိုမေ
#Nail
#လက်သည်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ