ဂျင်းဘောင်းဘီရှည်နဲ့ လိုက်ဖက်တဲ့ ဖိနပ်အမျိုးအစား (၁၀) မျိုး
mystylemyanmar.com
|
2023-03-15

ဖိနပ်လှလှလေးတွေကို မိန်းကလေးတိုင်း နှစ်သက်ကြပါတယ်။ ဖိနပ်အမျိုးအစား အမျိုးမျိုးကို ကိုယ် ဝတ်တဲ့အင်္ကျီအလိုက် ပြောင်းလဲနိုင်သလို တချို့ ဖိနပ်တွေကတော့ ဘယ်အင်္ကျီပဲ ဝတ်ဝတ် တစ်ရံတည်းရှိရုံနဲ့ လုံလောက်နိုင်ပါတယ်။ စတိုင်ကျဖို့ အရေးကြီးတဲ့ အချက်ကတော့ ကိုယ် ဝတ်တဲ့စတိုင်နဲ့ ဝတ်တဲ့ ဖိနပ်က လိုက်ဖက်မှု ရှိနေဖို့ပါ။ ဒီထဲမှာတော့ ပျိုမေ အများစု ပိုင်ဆိုင်ထားကြတဲ့ ဂျင်းဘောင်းဘီရှည် အပြာနဲ့ လိုက်ဖက်မယ့် ဖိနပ် စတိုင်တွေကို ဖော်ပြပါရစေ။ သင့်အနေနဲ့ ဒီဖိနပ် အားလုံးက်ို ပိုင်ဆိုင်ထားစရာမလိုဘဲ ကိုယ်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ဂျင်းဘောင်းဘီ အပြာနဲ့ အရောင်အုပ်စုတူတဲ့ ဖိနပ် အပြာဒေါက်က သင့်ကို အထက်တန်း ဆန်ဆန် လှစေနိုင်ပါတယ်။


၂။ ခြေညှပ် အဖြူ ဖိနပ်တွေက ဂျင်းဘောင်းဘီရှည်နဲ့ အင်္ကျီအဖြူ တွဲဝတ်တတ်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်မှာပါ။


၃။ သင်က အနက်ရောင် အဝတ်အစားတွေကို အဝတ်များသူဆိုရင် အနက်ရောင် ကွင်းစွပ်၊ ဂျင်းဘောင်းဘီရှည်နဲ့ အဆင်ပြေလောက်ပါတယ်။


၄။ Converse Shoes တွေက လူငယ်ဆန်ကာ အထူးသဖြင့် ဂျင်းဘောင်းဘီရှည်နဲ့ လိုက်ဖက်လေ့ရှိပါတယ်။


၅။ အပိတ် ဖိနပ် အဖြူလေးတွေက ဂျင်းဘောင်းဘီအပြာကို အရောင်ပိုထွက်သွားစေတတ်ပါတယ်။


၆။ အနက်ရောင် Pointed Toe Shoes တွေကလည်း ဂျင်းဘောင်းဘီပြာနဲ့ လိုက်ဖက်ပါတယ်။


၇။ Ankle-Strap Heels ဖိနပ်က ဘောင်းဘီရှည်နဲ့ အလိုက်ဖက်ဆုံး ဖိနပ်အမျိုးအစားပါ။


၈။ ကြိုးသိုင်းဖိနပ်က ပျိုမေတို့ရဲ့ ခြေထောက်ကို ဆွဲဆောင်မှု ရှိစေကာ ဂျင်းဘောင်းဘီနဲ့လည်း အဆင်ပြေပါတယ်။


၉။ ပျိုမေတို့ ဝတ်လေ့ရှိတဲ့ ဖဲပြားအနက်နဲ့ အနက်ရောင်ဖိနပ်ကိုပါ ရွေးချယ်နိုင်ပါသေးတယ်။


၁၀။ သင်က Sneakers တွေကို နှစ်သက်သူဆိုရင် ဒီစတိုင်လေးကို သဘောကျမှာပါ။


Photo Source: Pinterest

By MyStyle Myanmar


#ဂျင်းဘောင်းဘီ
#ပျိုမေ
#အနက်ရောင်
#ဒေါက်ဖိနပ်
#AnkleBoots

Some text some message..