ပန်းရောင် Bottom Wear တွေကို နှစ်သက်တဲ့ ပျိုမေတို့အတွက် အပေါ်အင်္ကျီကို လိုက်ဖက်အောင် ဝတ်ဆင်နည်း
mystylemyanmar.com
|
2023-03-17

အရောင်မှိန်တဲ့ အဝတ်အစားနဲ့ လိုက်တဲ့ ကောင်မလေးတွေ ရှိသလို တချို့ကကျ အရောင်လင်းလင်းတွေနဲ့မှ ပိုပေါ်ကာ ပိုလှသွားသူတွေ ရှိပါတယ်။ ပန်းရောင်ကတော့ အရောင်ငြိမ်ကာ ကိုယ်ပိုင် လှပမှုနဲ့ ရပ်တည်တဲ့ အရောင်ဖြစ်ပါတယ်။

သင့်အနေနဲ့ အဝတ်အစားတိုင်းနဲ့ တွဲနိုင်ဖို့ အဖြူ၊ အနက်၊ အညို၊ အသားရောင်တွေကိုပဲ ဆောင်ထားသင့်တယ် ဆိုတဲ့ အကြံပေးချက်တွေကို နားထောင်ပြီး ကိုယ်တိုင် ဝတ်ကြည့်လိုက်မှ မလိုက်ဖက်တာကို ကြုံဖူးတယ်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။

အရေးကြီးတာက သင်နှစ်သက်တဲ့ အရောင်ကို ဝတ်ဖို့ပါ။ သင်သဘောကျတဲ့ အရောင်က ပန်းရောင်ဆိုရင်တော့ ပန်းရောင် စကပ်၊ ဘောင်းဘီရှည်၊ အတို စတာတွေထဲက တစ်ထည်ကို ပိုင်ဆိုင်ထားသင့်ပါတယ်။ ပိုင်ဆိုင်ထားတယ်ဆိုရင် အပေါ် အင်္ကျီကို ဘယ်လိုတွဲရမလဲ သိချင်မှာပါ။ တွဲနည်းတွေကတော့ ဒီလိုပါ-

ပန်းရောင်ဘောင်းဘီတိုနဲ့ ပေါ့ပေါ့ပါးပါး ပေါ်လွင်စွာ ဝတ်နိုင်မယ့် အင်္ကျီကတော့ အစိမ်းရောင် တီရှပ် အပွပါ။


အပေါ် Crop လေးနဲ့ ပြင်ထပ် အဝါလေးက ပန်းရောင်ဘောင်းဘီနဲ့ လိုက်ဖက်ပါတယ်။


ဆင်စွယ်ရောင်ကိုလည်း ပန်းရောင် ဘောင်းဘီရှည်နဲ့ တွဲနိုင်ပါတယ်။


တီရှပ်ထဲ အောက်ဘက် ဘောင်းဘီပန်းရောင်နဲ့ အရောင်တူတဲ့ အတွဲအစပ်လေးက ချစ်ဖို့ကောင်းပါတယ်။


အနက်ရောင်နဲ့ ပန်းရောင်က လိုက်ဖက်တဲ့ အတွဲအစပ် ဖြစ်ပါတယ်။


ပန်းရောင်နဲ့ အစိမ်းရောင်က အထက်တန်းဆန်တဲ့ တွဲစပ်မှု ဖြစ်ကာ ဒီဖက်ရှင်လေးက ချစ်ဖို့ကောင်းပါတယ်။


တစ်ကိုယ်လုံး ပန်းရောင်ကိုမှ အနုနဲ့ အရင့်လေး တွဲကြည့်သင့်ပါတယ်။


Crop ကိုမှ အဖြူလေး ရွေးကာ အပေါ် ပန်းရောင် အောက်ပန်းရောင် တွဲနိုင်ပါတယ်။


တီရှပ်ထဲ ပန်းရောင်ပါတယ်ဆိုရင် ပန်းရောင်ဘောင်းဘီကို စိတ်ချလက်ချ ဝတ်နိုင်ပါတယ်။


ပန်းရောင်နဲ့ အပြာအတွဲအစပ်က အင်မတန် လိုက်ဖက်တဲ့ အရောင်တွဲဖက် ဖြစ်ပါတယ်။


Photo Source: Pinterest

By MyStyle Myanmar


#ဖက်ရှင်
#အဝတ်အစား
#ပန်းရောင်
#ဘောင်းဘီ
#ပျိုမေ

Some text some message..