တက်တူးအသစ်ထိုးပြီးရင် ဂရုစိုက်ဖို့ သိထားသင့်တဲ့ အချက် ၈ ချက်
mystylemyanmar.com
|
2023-03-29

မင်္ဂလာပါ… ပျိုမဒီတို့ရေ… ခေါင်းထဲမှာ လနဲ့ချီပြီးရှိထားတဲ့ ဒီဇိုင်းက အခု လက်တွေ့ဖြစ်လာပြီး ခပ်မိုက်မိုက် တက်တူးအသစ်ကို ထိုးပြီးသွားပြီလား ? စိတ်ကြိုက်တတ်တူးထိုးပြီးသွားရင်တော့ အရေးကြီးတာတွေ ရှိပါသေးတယ်‌နော် ။ ဘာလဲဆိုတော့ တတ်တူးထိုးပြီးသွားရင် ဘယ်လို ပြုစုစောင့်ရှောက်ပြီး နာတာကျင်တာတွေ သက်သာပျောက်ကင်းဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေပါ။

ဒါတွေအကုန်လုံးက မဖြစ်မနေသိထားရမယ့်အရာ အားလုံးပါပဲ…

တက်တူးပညာရှင်ရဲ့ အကြံဉာဏ်ကို လိုက်နာပါ


တက်တူးပညာရှင်တိုင်းမှာ ကွဲပြားခြားနားတဲ့ စိတ်ကူးစိတ်သန်းများ ရှိကြပါတယ်။ စတူဒီယိုတစ်ခုနဲ့ တစ်ခု မတူတာကြောင့် ကိုယ်ထိုးတဲ့ တက်တူးပညာရှင်ရဲ့ ညွှန်ကြားချက်များကို နားထောင်ပါ။ လိုက်နာပါ။

တက်တူးကို ညင်သာစွာဆေးကြောပါ


အကြံပေးချက်အများစုကတော့ တက်တူးကို ပထမ 2-5 နာရီအတွင်း အုပ်ထားဖို့ ပြောမှာဖြစ်ပြီး ပြီးရင်တော့ ဂရုတစိုက်ဖယ်ပြီး ကြက်သီးနွေးရေနဲ့ အပျော့စား ဆပ်ပြာရည်တို့နဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ်ကို ပါးပါးလေးလိမ်းပေးပါ


တတ်တူးထိုးပြီးရင် အစိုဓာတ်ထိန်းခရင်မ်ကို ပါးပါးလေး လိမ်းပေးသင့်တာကြောင့် တက်တူးပညာရှင်ရဲ့ အကြံပြုချက်ပေါ်မူတည်ပြီး တစ်နေ့ ၃-၅ ကြိမ်လောက်‌ လိမ်းပေးပါ။

သန့်ရှင်းခြောက်သွေ့အောင်ထားပါ


တတ်တူးအသစ်ထိုးပြီးရင် တက်တူးကို သန့်ရှင်းခြောက်သွေ့အောင်ထားသင့်ပါတယ်။ ရေချိုးလို့ရပေမယ့် အနည်းဆုံး တစ်လလောက်တော့ ရေစိမ်တာမျိုးကို ရှောင်သင့်ပါတယ်။

နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ


တတ်တူးအသစ်ထိုးပြီးရင် တက်တူးကို မလိုအပ်ဘဲ နေရောင်ခြည် တိုက်ရိုက်ထိအောင် မနေသင့်ပါဘူ။ အနာကျက်ခါစ တက်တူး အထူးသဖြင့် အရောင်ဆိုးထားတဲ့တက်တူးတွေက နေရောင်ကြောင့် မှိန်သွားတတ်လို့ပါ။

စိတ်ရှည်ပါ


ထိုးထားတဲ့ တတ်တူးဒီဇိုင်းပေါ်မူတည်ပြီး သက်သာပျောက်ကင်းတဲ့အချိန်က တစ်ခုနဲ့တစ်ခု မတူတတ်ကြပါဘူး။ သေးတဲ့ တတ်တူးဒီဇိုင်းတွေ သက်သာဖို့က တစ်ပတ်လောက်နဲ့လုံလောက်ပေမယ့် ကြီးပြီး ရှုပ်တဲ့ဒီဇိုင်းတွေကတော့ လပေါင်းများစွာအထိ ကြာတတ်ပါတယ်။

ကုတ်တာကို ရှောင်ပေးပါ


တတ်တူးထိုးတာကြာလာလို့ သက်သာလာရင် မှင်လေးတွေ ကွာလာပါလိမ့်မယ်။ အဲ့အချိန်ကျ ယားလာရင် မကုတ်ပါနဲ့။ ကုတ်မဲ့အစား အသာလေး ပုတ်ပုတ်ပေးပါ။ ဒါပေမယ့် ထိန်းမရဘဲ ယားယံနေရင် ဒီဇိုင်းတစ်ဝိုက်မှာ နီရဲနေရင် ဖြစ်ခဲပေမယ့် ပိုးဝင်တာမျိုးဖြစ်တတ်တာကြောင့် တက်တူးပညာရှင်နဲ့ တိုင်ပင်ပြီး ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူသင့်ပါတယ်။

နောက်တစ်ခေါက်ပြန်သွားပါ


တက်တူးထိုးပြီးသွားလို့ အချိန်မကြာသေးဘဲ မှင်ပျက်တာမျိုးဖြစ်လာရင် ရလဒ်ကို မကျေနပ်ဘူးဆိုရင် ထိုးခဲ့တဲ့ တက်တူးပညာရှင်ဆီ ပြန်သွားသင့်ပါတယ်။


#နေရောင်ခြည်
#အစိုဓာတ်
#အကြံဉာဏ်
#တက်တူး
#ပျိုမဒီ

Some text some message..