ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ Black Nail Design များ
mystylemyanmar.com
|
2023-03-31

အနက်ရောင်ကြိုက်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ Black Nail Design တွေကို မျှဝေပေးလိုက်ပါတယ်။ အနက်ရောင်ကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ရိုးမသွားပဲလှနေမယ့် အရောင်မျိုးပါ။ ဒါကြောင့် ပုံဖော်တဲ့အခါမှာ ခေါင်းရှုပ်ခံပြီး ဒီဇိုင်းစဉ်းစားနေစရာမလိုအောင် ဒီလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်ပါ။

အနက်ရောင်ပေါ်မှာ ပန်းပွင့်အဖြူလေးတွေကို တစ်ဝက်ပုံလေးတွေ ပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။


ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကိုယ်တိုင်တောင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။


မြင်နေကျပုံစံတွေနဲ့မတူတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရိုးရိုးလက်သည်းနီနဲ့ ပုံမဖော်ပဲ Matte Type လေးဆိုးပြီးပုံဖော်ရင် ပိုလှပါတယ်။


အနက်ရောင်ပေါ်မှာ ပန်းပွင့်ကို ရောင်စုံလေး ပုံဖော်ထားတာဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းပြီး ချစ်ဖို့ကောင်းပါတယ်။


ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ချိန်းကြိုးလိုပုံစံလေး ကပ်ထားတာက ဒီဇိုင်းဆန်းသွားစေပါတယ်။


ဒီဇိုင်းဆန်းပြီး အရမ်းလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လူကြီးလူငယ် အာလုံးနဲ့ လိုက်ဖက်ပါတယ်။


ဒီလက်သည်းဒီဇိုင်းလေးကတော့ အနက်ရောင်ဆိုးပြီး ရွှေရောင်နဲ့ကြယ်လေးတွေ ပုံဖော်ထားတာဖြစ်လို့ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။


ဒါကတော့ Spirited Away Fan လေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။


လက်သည်းခွံသေးတဲ့သူတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။


ဘယ်အချိန်ကြည့်ကြည့် ရှင်းရှင်းလေးနဲ့လှနေမယ့် လက်သည်းဒီဇိုင်း ဖြစ်ပါတယ်။


Photo source:www.pinterest.com


#လက်သည်းခွံ
#လက်သည်းဒီဇိုင်း
#ပန်းပွင့်
#အနက်ရောင်
#Mattetype

Some text some message..