မိန်းကလေးများအတွက် အမိုက်ဆုံး Back Tattoo ဒီဇိုင်းများ
mystylemyanmar.com
|
2023-04-14

နောက်ကျောမှာ တတ်ထူးထိုးဖို့ စဥ်းစားနေတာလား ? ဒါဆိုရင်တော့ ၂၀၂၃ မှာ ခေတ်စားလာမယ့် Back Tattoo ဒီဇိုင်းတွေ ဝေမျှပေးမယ့် ဒီဆောင်းပါးက သင့်ကို အထောက်အကူဖြစ်စေမှာပါ။ ဘယ်လိုဒီဇိုင်းတွေက မိန်းကလေးတွေကြား ရေပန်းစားနေမလဲ ?

ကဲ ! အတူတူကြည့်လိုက်ရအောင် …

Cherry Blossoms


နွေဦးရာသီကို ရောက်လာတဲ့အမှတ်အသားဖြစ်တဲ့ Cherry Blossoms က ဒီနှစ်ထဲမှာ မိန်းကလေးတွေကြား ရေပန်းအစားဆုံး နောက်ကျောတက်တူးဒီဇိုင်းတွေထဲက တစ်ခုပါ။

Floral Quote


လည်ပင်းကနေစပြီး ကျောရိုးတစ်လျှောက် အောက်ဘက်ကိုသွားတဲ့ Floral တက်တူးက မိန်းကလေးတွေအတွက် အလှဆုံးနောက်ကျောတက်တူးတွေထဲက တစ်ခုပါ။ ပန်းရဲ့ပင်စည်နေရာမှာ ချစ်ရသူရဲ့နာမည်ကို ရေးလို့ရတာလေးက သူ့ရဲ့ဆွဲဆောင်မှုတစ်မျိုးပါ။

Bird Of Peace Tattoo


စကြာဝဠာနဲ့ ဘဝစက်ဝိုင်းကို ကိုယ်စားပြုတဲ့ Mandala နဲ့ ချစ်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ခြင်းတို့ရဲ့ သင်္ကေတဖြစ်တဲ့ ချိုးငှက်တို့ကို ပေါင်းစပ်ထားတဲ့ ဒီတတ်တူးက ကိုယ်ရည်ကိုယ်သွေးနဲ့ ယုံကြည်ချက်ကို ကိုယ်စားပြုဖို့အတွက်ဆို အသင့်တော်ဆုံးပါပဲ။

Phoenix Back Tattoos


ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်အမြဲရပ်နေမှာကို သတိပေးတဲ့အဓိပ္ပါယ်နဲ့ ပြန်လည်မွေးဖွားခြင်းနဲ့ ပြန်လည်ဆန်းသစ်ခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ Phoenix ငှက်က အကောင်းဆုံးတက်တူးတစ်ခုပါ။

Lotus Moon Back Tattoos


မိန်းကလေးများအတွက် အကောင်းဆုံး နောက်ကျောတက်တူး ဒီဇိုင်းတွေထဲကမှ အမျိုးသမီးတွေရဲ့ စွမ်းအားနဲ့ ဉာဏ်အလင်းကို ကိုယ်စားပြုတဲ့လခြမ်းနဲ့ ကြာပန်းကလည်း တကယ်စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇိုင်းပါပဲ။

Lower Back Tattoos


Back Tattoos ထိုးတဲ့အခါ နောက်ကျောရဲ့အပေါ်ပိုင်းမှာမဟုတ်ဘဲ ခါးအောက်ပိုင်းမှာထိုးတာကလည်း မိန်းကလေးတွေကြား ခေတ်စားနေပါတယ်။

Angel Wings Tattoo


ကျောပေါ်မှာ အိန်ဂျယ်တောင်ပံတက်တူးထိုးတာက ကမ္ဘာပေါ်မှာ ဘယ်တော့မှမရိုးတဲ့ လူကြိုက်များတဲ့ ဒီဇိုင်းပါပဲ။

Full Back Tattoos


အခုနောက်ပိုင်း အမျိုးသမီးတွေဟာ သူတို့ရဲ့ ကျောပြင်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ ဒီဇိုင်းတွေကို ရွေးချယ်လာကြပါတယ်။


#အမျိုးသမီး
#Tattoo
#မိန်းကလေး
#နောက်ကျော
#တက်တူး

Some text some message..