ကျက်သရေရှိရှိ အထက်တန်းဆန်ဆန် စတိုင်ကိုမှ နွေရာသီနဲ့ လိုက်ဖက်အောင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နည်း
mystylemyanmar.com
|
2023-04-19

ကျွန်မတို့ နေတဲ့ နေရာအများစုမှာက အချိန်အများစုမှာ နေပူနေတာ များပါတယ်။ ဒါကြောင့် နွေရာသီ ဖက်ရှင်တွေကို ပိုနားလည်ကာ ပိုသိထားတာက စတိုင်ကျဖို့ အမြန်ဆုံး နီးစပ်စေပါလိမ့်မယ်။ အခုတစ်ခေါက်မှာတော့ ကျက်သရေရှိပြီး တည်ငြိမ်တဲ့ ဖက်ရှင်ကိုမှ နွေရာသီနဲ့ လိုက်ဖက်အောင် ဝတ်ဆင်နည်းတွေကို ဖော်ပြပါရစေ။

အစင်းကြောင်း အင်္ကျီကိုမှ ဂျင်းစကပ်ထဲ ထည့်ဝတ်ကာ အောက်ဘက်က ဖိန်ကို ကျက်သရေရှိသွားဖို့ ဒေါက်ဖိနပ်လေး စီးမယ်။


ကြိုးတစ်ချောင်း အင်္ကျီအနက်နဲ့အတူ စကပ်အရှည် အဖြူအနက်ကို တွဲနိုင်ပါတယ်။ အရောင်ဆန်းသွားဖို့ အနီရောင် အိတ်နဲ့ တွဲပါမယ်။


အစင်းကြောင်း ရှပ်အပြာလေးကို ဂျင်းစကပ်တိုနဲ့ တွဲဖက်ဝတ်မယ်။


ကျက်သရေရှိစေမယ့်အပြင် ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ ဂါဝန်ရှည်လေး ဝတ်နိုင်ပါတယ်။


အဖြူလက်ရှည် အပွလေးကို ဂျင်းဘောင်းဘီရှည်နဲ့ တွဲဖက်မယ်။ လက်ကိုင်အိတ်ကိုတော့ အရောင်တောက်တာလေး ရွေးနိုင်ပါတယ်။ ဆံပင်ကို ပုံထဲကလို ထုံးလိုက်မယ်ဆိုရင် သိပ်မပူတော့ပါဘူး။


Crop Top Blouse လေးကို ဘောင်းဘီအဖြူနဲ့ တွဲဖက်မယ်။


Elegant ဖြစ်လှတဲ့ ရှေ့ကွဲစကပ်လေးကတော့ ပျိုမေတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ အထဲ ပါဝင်ပါတယ်။


အနီရောင် ကြိုးတစ်ချောင်း အင်္ကျီကို အဖြူရောင် ဂျင်းဘောင်းဘီကွာတားနဲ့ တွဲနိုင်ပါတယ်။


Tank Top အဖြူလေးကို ဂျင်းဘောင်းဘီရှည်နဲ့ ပေါ့ပေါ့ပါးပါး ဝတ်နိုင်ပါတယ်။


စကပ် အညိုလေးနဲ့အတူ လိုက်ဖက်မယ့် Shirt အရောင်လေးကို တွဲဖက်ကာ ဝတ်ဆင်နိုင်ပါတယ်။


Gingham Top အနီလေးနဲ့ အဖြူရောင် ဘောင်းဘီကို တွဲမယ်။


အပေါ် Peplum Top Navy ရောင်နဲ့ ဂျင်းဘောင်းဘီပြာကို လိုက်ဖက်စွာ တွဲဝတ်နိုင်ပါတယ်။


Source: The French

By MyStyle Myanmar


#ဂျင်းဘောင်းဘီ
#အနီရောင်
#စကပ်
#အဖြူရောင်
#ဘောင်းဘီ

Some text some message..