အသက် ၂၅ နှစ်ကျော်လာရင် စလုပ်သင့်တဲ့ Face Yoga လေ့ကျင့်ခန်း တင်ပေးတဲ့ YouTube Channel များ
mystylemyanmar.com
|
2023-04-20

Face Yoga, Face Massage စတာတွေက အသားအရေ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသားအရေ တင်းရင်းစေပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်ကျော်လာရင် လျော့ကျလာတတ်တဲ့ Collagen ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဒီအကျိုးကျေးဇူးတွေအပြင် တခြားအကျိုးကျေးဇူး အချို့ကတော့ အသားအရေ စိုပြေစေတာ၊ အသားအရေ အရေးအကြောင်း လျော့ပါးစေတာ၊ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေတာ စတာတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်က ၂၅ နှစ်ကျော်လာတာကြောင့် Face Yoga, Massage လုပ်ချင်လို့ YouTube ပေါ်က ဗီဒိယိုကောင်းတွေ ရှာနေရင် ဒီ Channel တွေကို လိုက်ကြည့်သင့်ပါတယ်။

၁။ Face Yoga Method


Fumiko Takatsu ဆိုတဲ့ အမျိုးသမီး ဖန်တီးထားတဲ့ ဒီ Channel က သဘာဝ အလှကို ပိုင်ဆိုင်ဖို့နဲ့ အိုမင်းရင့်ရော်တာကို နှေးကွေးစေဖို့ ကူညီပေးမယ့် ဗီဒီယိုတွေကို တင်ပေးတတ်ပါတယ်။

၂။ Face Yoga Expert


သင်က Face Yoga လုပ်ခြင်းရဲ့ ကောင်းကျိုးတွေကို သေချာသိချင်ရင် ဒီ Channel ကို ကြည့်သင့်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းတွေလုပ်နိုင်မလဲ ဒီထဲ သင်ရပါလိမ့်မယ်။

၃။ FACEROBICS® – Your Face Exercise Coach


ဒီ Channel က မျက်နှာလေးကို ဘယ်လိုသွယ်လာအောင် လေ့ကျင့်ခန်း လုပ်ရမလဲ ပြောပြပေးမယ့် Channel ဖြစ်ပါတယ်

၄။ Elemental Face Yoga with Polina


Face Yoga နဲ့ အတူ Pilates လေ့ကျင့်ခန်းတွေကို တင်ပေးနေတဲ့ Channel ဖြစ်ပါတယ်။

၅။ The Uma Show


ကြည့်ရှုသူတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်ရမလဲ အကြံပေးနေတဲ့ Channel ဖြစ်ပြီး Beauty Tip တွေ၊ Face Yoga ဗီဒီယိုတွေ၊ Face Massage Video တွေကို တင်ပေးတတ်ပါတယ်။

၆။ Blush with me-Parmita


Beauty Influencer Parmita ကတော့ သူမရဲ့ Channel မှာ ဘယ်လို ငယ်ရွယ်နုပျိုအောင် နေရမလဲ၊ ဘယ်လို စတိုင်ကျအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် ဘယ်လို နေရမလဲ စတာတွေကို တင်ပေးပြီး Face Yoga Video တွေပါ တင်ပေးတတ်ပါတယ်။

၇။ Masumi Channel


Face Yoga, Face Massage Video တွေကို ပုံမှန်တင်ပေးတတ်တဲ့ Channel ကောင်းပါ။

Photo Source: Pinterest

by MyStyle Myanmar


#ကျန်းမာရေး
#သဘာဝ
#Yoga
#အသားအရေ
#လေ့ကျင့်ခန်း

Some text some message..