သင့်လက်သည်းကို အထက်တန်းဆန်ဆန်နဲ့ လှစေကာ သူဌေးသမီးလေးလို ထင်ရစေမယ့် လက်သည်းအရောင်များ
mystylemyanmar.com
|
2023-04-23

ကိုယ့်လက်သည်းအရောင်ကို ငြိမ်ငြိမ်လေးနဲ့ အထာကျစေကာ သူဌေးသမီး ဒါမှမဟုတ် ပိုက်ဆံရှိတဲ့ သူတစ်ယောက်အနေနဲ့ မြင်ရစေမယ့် လက်သည်းအရောင်တွေ ရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီအရောင်တွေက ဈေးကြီးတယ် ထင်ရတဲ့ လက်သည်းနီအရောင်တွေ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ အရောင်တွေက ဆိုင်မှာ တကူးတက သွားဆိုးစရာမလိုဘဲနဲ့ကို သင့်လက်သည်းကို လှနေစေမယ့် လက်သည်းနီ အရောင်တွေ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လက်သည်းနီ အရောင်တွေ ဖြစ်မလဲ ကြည်ု့လိုက်ရအောင်နော်-

အသားရောင်


လက်သည်းအရောင်နဲ့ သင့်လက်အရောင် ထပ်တူကျမယ့် အရောင်မျိုးက လက်ကလေးကို ပိုဖွေးစေနိုင်ပါတယ်။

ပန်းရောင် အပုတ်လေး


ပန်းရောင်ကိုမှ ပိုမှောင်သွားတဲ့ အရောင်မျိုးက သင့်လက်ကို ဈေးကြီးတာ ဆိုးထားတယ် ထင်ရစေပါတယ်။


အသားရောင်ကိုမှ အရောင်မှောင်တဲ့ဘက် သွားတဲ့စတိုင်က အရောင်ရှားလေး ဖြစ်ကာ သင့်လက်သည်းကို အများကြားထဲ ထင်းထွက်စေနိုင်ပါတယ်။


ဒီအရောင်က အပေါ် လက်သည်းအရောင်နဲ့ ဆင်တူကာ သင့်လက်ကို တည်တည်ငြိမ်ငြိမ်လေး လှနေစေမယ့် အရောင်ဖြစ်ပါတယ်။


ပန်းရောင်ကိုမှ အသားရောင်နဲ့ တွဲထားတဲ့ လက်သည်းနီ စတိုင်က ထူးခြားတဲ့ လက်သည်းအရောင်လေးပါ။

လိမ္မော်ကိုမှ အရောင် လင်းတဲ့ဘက်သွားတဲ့ လက်သည်းနီ စတိုင်လေးက သင့်လက်သည်းကို ပိုလှနေစေပါလိမ့်မယ်။


လက်သည်းနီ အရောင်တွေက အသားအရောင်နဲ့ နီးစပ်ရင် ပိုသဘာဝကျကာ ပိုလှတာကို ဒီအရောင်ကို ကြည့်ရုံနဲ့ သင် သိနိုင်မှာပါ။


ပန်းရောင်မကျ ခရမ်းရောင် မကျ အရောင်လေးက သင့်လက်သည်းကို ပိုထူးထူးခြားခြားလေး လှနေစေမှာ မလွဲမသွေပါပဲ။


အရောင်ငြိမ်ငြိမ်လေးနဲ့ ထူးထူးခြားခြား ပုံစံလေး လိုချင်ရင် ဒီလက်သည်းနီ အရောင်ကို ရွေးဝယ်သင့်ပါတယ်။


Photo Source: Mer-ek

သင်က ပန်းရောင် နှစ်သက်တယ်ဆိုရင်တော့ ဒီလက်သည်းနီ အရောင်က သင်နဲ့ အလှဆုံး ဖြစ်နေပါလိမ့်မယ်။


Photo Source: Pinterest

By MyStyle Myanmar


#လက်သည်းအရောင်
#လက်သည်းနီ
#ပန်းရောင်
#အသားရောင်
#လက်သည်း

Some text some message..