Couple လေးတွေအတွက် Romantic ဆန်တဲ့ ပို့စ်အိုင်ဒီယာများ
mystylemyanmar.com
|
2023-04-26

Couple လေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ Romantic ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်မပေးတတ်ရင် ဒီပုံလေးတွေအတိုင်းသာ ပို့စ်ပေးကြည့်လိုက်ပါ။

ဒီပုံလေးဆိုရင် Romantic ဆန်ပြီး ချစ်ဖို့ကောင်းတာကြောင့် Pre Wedding ရိုက်တဲ့အခါမှာလည်း အသုံးဝင်ပါတယ်။


ကောင်လေးကိုမှီပြီး ဒီလိုလေးရိုက်တဲ့အခါမှာ နှစ်ယောက်လုံးပြုံးရယ်နေရင် ပိုပြီးကြည်နူးစရာကောင်းပါတယ်။ ဒီလိုပုံလေးက Portrait နဲ့ရိုက်ရင် ပိုလှပါတယ်။


ဒီပုံလေးဆိုရင် သူများနဲ့မတူပဲ ချစ်ဖို့ကောင်းသလို Romantic လည်းဆန်ပါတယ်။ ဒီပုံလေးအတိုင်း ရိုက်မယ်ဆိုရင် ကာလာအမှိုင်းလေးပြင်ဖို့ မမေ့ပါနဲ့။


ဒီပုံလေးတွေရိုက်မယ်ဆိုရင် ကင်မရာမရှိလည်း ဖုန်းနဲ့ရိုက်လို့ရပါတယ်။ Romantic ဆန်ပြီး ကြည်နူးစရာကောင်းတဲ့ ပို့စ်အိုင်ဒီယာလေးတွေပါပဲ။


ကြောင်ချစ်တဲ့သူလေးတွေ၊ ခွေးချစ်တဲ့သူလေးတွေဆိုရင် ဒီလိုပုံလေးအတိုင်း ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို ကြည်နူးစရာလည်းကောင်းပါတယ်။


ကောင်မလေးကိုချီပြီးနောက်ကျောပေးထားတဲ့ ဒီလိုပုံလေးလည်း ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ Portrait ရိုက်ရင်၊ ကင်မရာနဲ့ရိုက်ရင် ပိုလှမှာပါ။


ကောင်မလေးက Cute Type လေးဝတ်ထားတဲ့အခါကျရင် ဒီလိုပို့စ်လေးနဲ့ ရိုက်ကြည့်ပါ။ ချစ်ဖို့အရမ်းကောင်းပါတယ်။


ကုန်းပိုးနေတဲ့ပုံလေးလည်း ရိုက်ကြည့်ပါ။ Romantic ဆန်ပါတယ်။


ဒီလိုပုံမျိုးလေး ရိုက်မယ်ဆိုရင် ကောင်လေးက ကောင်မလေးရဲ့မျက်နှာကို ကြည့်နေတဲ့ပုံလေးနဲ့ ပို့စ်ပေးရိုက်ပါ။


အထာကျကျလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ပို့စ်လေးပါပဲ။ သူများနဲ့မတူတဲ့ပုံလေး ရိုက်ချင်ရင် ဒီလိုလေးဖက်ရှင်ကျကျနဲ့ ရိုက်ကြည့်ပါ။


Photo source:www.pinterest.com


#ဖက်ရှင်
#မျက်နှာ
#အိုင်ဒီယာ
#နောက်ကျော
#ပို့စ်အိုင်ဒီယာ

Some text some message..