Raining Day အတွက် Outfits ရွေးတဲ့အခါ ထည့်စဥ်းစားရမယ့်အချက် ( ၄ ) ချက်
mystylemyanmar.com
|
2023-05-13

အိမ်မှာရှိတဲ့အချိန် မိုးရွာတဲ့အခါ ကော်ဖီလေးတစ်ခွက်ရယ် ၊ စာအုပ်လေးရယ်ဆို တကယ်ကို ပြည့်စုံတဲ့နေ့လေးတစ်နေ့ပေါ့။ ဒါပေမယ့် မိုးရွာတဲ့နေ့ အပြင်သွားရတော့မယ်ဆို ပုံမှန် Outfits နဲ့ ဆို မိုးရေတွေကြောင့် အဆင်ပြေမယ် မထင်ပါဘူး။ ဒါကြောင့် မိုးရွာတဲ့နေ့အတွက် Outfit ရွေးရမယ်ဆိုရင် ထည့်စဥ်းစားရမယ့်အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Denim နဲ့ Cotton ကိုရှောင်ပါ


ချည်သားတွေက မိုးရွေစိုတဲ့အခါ မိုးရေကို မြန်မြန်စုပ်ယူပြီး ပြန်ခြောက်ဖို့တော့ အချိန်ကြာတတ်ပါတယ်။ ဒီလိုဘဲ Denim တွေကလည်း တူတူပါပဲ။ ဒါကြောင့် Denim နဲ့ Cotton တွေအစား အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ Faux သားရေဂျာကင်အင်္ကျီမျိုးကို ဝတ်ပါ။ အစိုဓာတ်ကို ဖယ်ရှားပေးပြီး ခြောက်တာမြန်တဲ့ အဝတ်အစားမျိုးကို ရွေးဝတ်သင့်ပါတယ်။

Shorter Hemlines and Cropped Pants


မိုးရွာတဲ့နေ့တွေဟာ Maxi ၀တ်စုံတွေ၊ ခြေထောက်ကျယ်တဲ့ ဘောင်းဘီ ဒါမှမဟုတ် ဘောင်းဘီပွပွတွေ အတွက် အချိန်မဟုတ်ပါဘူး။ တကယ်လို့ သင်က ဘောင်းဘီဝတ်ရတာကြိုက်တယ်ဆိုရင်တော့ Straight-Leg ဒါမှမဟုတ် Skinny Fit တို့ကို ရွေးသင့်ပါတယ်။

Raincoats vs. Umbellas


မိုးကာအင်္ကျီ ဒါမှမဟုတ် ထီး ဘယ်ဟာ ပိုကောင်းလဲ ? မိုးရွာတဲ့နေ့တွေမှာ တောက်ပပြီး အရောင်အသွေးစုံတဲ့ ထီးတွေကို ဘယ်ဝတ်စုံနဲ့ တွဲရမလဲဆိုတာကို ရွေးရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် တချို့ကတော့ ထီးသယ်ရတာမကြိုက်လို့ ဒါမှမဟုတ် ထီးကို တစ်နေရာရာမှာကျန်ခဲ့မှာ စိတ်မပူရတဲ့ မိုးကာအင်္ကျီ ကိုပိုကြိုက်ကြပါတယ်။

Rain Boots


မိုးရွာတဲ့အခါ ဖိနပ်ကို အလှလေးတွေ နုနုရွရွလေးတွေအစား ရာသီဥတုဒဏ်ကို အကာအကွယ်ပေးနိုင်ပြီး လမ်းမချော်စေတဲ့ Rain Boots တွေက အကောင်းဆုံးပါ။ စတိုင်ကျပြီး ရာသီဥတုနဲ့လည်း အဆင်ပြေပါတယ်။


#ခြေထောက်
#Pants
#Outfit
#Pant
#ဂျာကင်

Some text some message..