ဆံသားအားဖြည့်ဖို့ Hair Mask သုံးမယ့်သူတွေအတွက် နည်းလမ်းမှန်မှန်သုံးနည်းအဆင့်များ
mystylemyanmar.com
|
2023-05-16

အားလုံးပဲ မင်္ဂလာပါနော်။ ဆံသားပြဿနာတွေ ဖယ်ရှားနိုင်ဖို့ပဲဖြစ်ဖြစ်၊ မဖြစ်လာအောင် ကာကွယ်ဖို့ပဲဖြစ်ဖြစ် သဘာ၀ Hair Mask လေးတွေသုံးဖို့ စဉ်းစားနေတဲ့သူတွေအတွက် အမှန်တကယ် ထိရောက်အောင် အဆင့်ဆင့်သုံးနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။


ဆံသားပြန်ကောင်းချင်လို့ ပေါင်းတင်ပေမယ့် သုံးနည်းမမှန်ရင် ထင်သလောက်မထိရောက်တာမျိုး ဖြစ်တတ်တာမို့ နည်းလမ်းမှန်မှန်နဲ့သုံးတတ်ဖို့ကလည်း အဓိကပါပဲ။ အခုပြောပြပေးမယ့်နည်းတွေက အိမ်မှာနေရင်း ကိုယ်တိုင် သဘာ၀ Hair Mask သုံးမယ့်သူတွေအတွက်လည်း အသုံးဝင်ပြီး ထိရောက်စေမှာပါ။

သန့်စင်တဲ့ ဆံသားပေါ်မှာပဲ လိမ်းပါ



Hair Mask သုံးတဲ့အချိန်မှာ ဦးရေပြားနဲ့ဆံသားက ထုံးပြီး ခြောက်ကပ်မနေဘဲ အစိုဓာတ်ရကာ သန့်နေမှ ပေါင်းဆေးက ပိုပြီး စိမ့်ဝင်စေတာပါ။ တကယ်လို့ ဆံပင်အရမ်းကြမ်းပြီးခြောက်နေရင် Hair Mask မသုံးခင် ခေါင်းလျှော်ပြီး Conditioner ပါသုံးပေးလိုက်ပါ။ အဆီပြန်ပြီးသား ဦးရေပြားရှိတဲ့သူဆိုရင် ရိုးရိုးခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီလိုမျိုး အစိုဓာတ်ရသွားတော့မှ Hair Mask သုံးပေးတာ အကောင်းဆုံးပါ။

ဆံပင်ကို ရေအရမ်းမရွှဲတဲ့ အနေအထားမှာထားပါ



Hair Mask က ဆံပင်မခြောက်တခြောက် အနေအထားမှာ သုံးမှ ပိုထိရောက်ပါတယ်နော်။ ရေအရမ်းစိုရွှဲနေဖို့ မလိုတာမို့ Mask မလိမ်းခင် စိုနေတဲ့ဆံပင်ကို ရေတွေညှစ်ချပြီးတော့မှ Mask စသုံးသင့်ပါတယ်။

လိမ်းတဲ့အဆင့်



စလိမ်းတဲ့အဆင့်မှာတော့ ဆံကြောင်းခွဲပြီး အဖျားပိုင်းအထိ ဆံပင်နဲ့ ဦးရေပြားကို စက္ကန့် ၃၀ လောက် ဖြေးဖြေးချင်း နှိပ်နယ်သွားပေးပါ။ ဒီလိုနှိပ်ပြီးလိမ်းတာက မွှေးညှင်းပေါက်နေကတစ်ဆင့် Mask ရဲ့အာဟာရတွေ ပိုစိမ့်ဝင်စေပြီး ဆံနွယ်လေးတွေ ပြန်လည်သန်စွမ်းလာဖို့ ကူညီပေးမှာပါ။

အချိန် ၃မိနစ်မှ ၅ မိနစ်လောက်ထိ သတ်မှတ်ထားပါ


တကယ်တမ်း Hair Mask ထိရောက်ဖို့ ဆံသားမှာ လိမ်းထားသင့်တဲ့အချိန်က ၃ မိနစ်မှ ၅မိနစ်အတွင်းပါဖြစ်ပါတယ်နော်။

စင်နေအောင် ပြန်လည်ဆေးချပေးပါ



သဘာဝနည်းသုံးမယ့်သူပဲဖြစ်ဖြစ် Hair Mask ဝယ်ပြီးသုံးရင်ပဲဖြစ်ဖြစ် ပေါင်းတင်ပြီး အချိန်ပြည့်ပြီဆိုရင် ဆံသားကို သေချာစင်နေအောင် ဆေးချပေးဖို့ အရေးကြီးပါတယ်နော်။ စင်အောင် မဆေးဘဲ ထားမိတဲ့အခါ ဆံပင်က ခြောက်သွေ့လွယ်ပြီး အနံ့လည်းပြန်ထွက်ဖို့လွယ်တတ်ပါတယ်။ ဦးရေပြား စိမ့်ဝင်တဲ့အထိ လိမ်းထားပြီးပြီဆိုရင် အကြွင်းအကျန်မရှိရအောင် ပြန်ဆေးပေးတာ အကောင်းဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar


#သဘာဝ
#HairMask
#ဦးရေပြား
#ဆံသား
#ဆံပင်

Some text some message..